မူးယစ်ဆေးသုံးပြီး စိတ်ကြွနေခဲ့တဲ့ ယာဉ်မောင်း‌‌ကြောင့် လူ ၁၀ ဦးထက် မနည်းသေဆုံး

//s9.kh1.co/bc/bc89d700ae7110b18917cdfc86f8870239a51592.jpg
နေ့စဉ်သတင်းများ

 ၁၉-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ယာဉ်မောင်းမှာ လိုင်စင်မရှိဘူးလို့လည်း သိရပါတယ်.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

Crystal meth (မူးယစ်ဆေးဝါးတစ်မျိုး) သုံးပြီး စိတ်ကြွနေခဲ့တဲ့ ဘတ်စ်ကားမောင်းသူကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး လူ ၁၄ ဦး သေဆုံးခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားရှိ ရဲများက ဘတ်စ်ကားမောင်းသူမှာ လိုင်စင်မရှိဟုလည်း ဆိုပါတယ်။ တနင်္လာနေ့ (မေလ ၁၆ ရက်) တွင် အီလက်ထရွန်နစ်ယာဉ်ကြော ဆိုင်းဘုတ်နှင့် တိုက်မိခဲ့တဲ့ ဘတ်စ်ကားဟာ Surabaya-Mojokerto Toll Road တွင် လူ ၃၄ ဦး တင်ဆောင်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/a2/a2c0f724abd3fd0c304c53edd7bc0275c75577cd.jpg
https://s9.kh1.co/__image/w=615,h=341,q=100/5b/5be92a9aaa0dd7b1e2f1132f21debbc9a10095b9.jpg

အခင်းဖြစ်ပွားရာနေရာမှ ထိတ်လန့်ဖွယ်ဗီဒီယိုများတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ဒဏ်ရာရသူများကို ဘတ်စ်ကားပေါ်မှ ဆွဲထုတ်ကာ သေဆုံးနေတာကို မြင်တွေ့ရပြီး မသေပဲ ဒဏ်ရာရသူများကို Mojokerto ရှိ ဒေသခံဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပါတယ်။ အပျက်အစီးများတွေ့ရှိတဲ့ နေရာအနီး လမ်းမပေါ်တွင် ဘရိတ်အမှတ်အသားမရှိပါဘူး။ အရှေ့ဂျာဗားရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဟိုက်နေတဲ့ ဘတ်စ်ကားဒရိုင်ဘာဟာ ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းဖြစ်ကြောင်း Coconuts က ဖော်ပြခဲ့ပါတယ်။ ခရီးသွားကုမ္ပဏီ PO Ardiansyah မှ လည်ပတ်တဲ့ ဘတ်စ်ကားဟာ Wonosobo နှင့် Yogyakarta သို့ အပျော်ခရီးထွက်ပြီးနောက် Mojokerto သို့ ပြန်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/e6/e6b5674341841c64c4510131bc414f27c544e0bb.jpg
https://s9.kh1.co/__image/w=560,h=420,q=100/9c/9c4c1a1e6e76c19cafea5ac68954c84c5c8fc79d.jpg

East Java Police Traffic Director Latief Usman က မနေ့က သတင်းထောက်တွေကို "ယာဉ်မောင်းကို စစ်ဆေးကြည့်တဲ့အခါမှာတော့ သူက crystal meth ကိုသုံးထားကြောင်း သက်သေပြခဲ့ပါတယ်။ ယာဉ်မောင်းရဲ့ ဆီးစစ်မှုရလဒ်ကို အတည်ပြုဖို့ သွေးနမူနာကိုလည်း ယူနေပါတယ်။ " ရဲတပ်ဖွဲ့က တရားဝင် စွဲချက်မတင်သေး‌ပေမယ့်လည်း သက်သေ အထောက်အထားများ ဆက်လက် စုဆောင်းလျက် ရှိပါတယ်။ ခရီးသွားကုမ္ပဏီ PO Ardiansyah ကိုလည်း ရဲများက စုံစမ်းစစ်ဆေးနေပြီး ကုမ္ပဏီရဲ့ ဘတ်စ်ကားယာဉ်မောင်းများဟာ အလုပ်အတွက် အရည်အချင်းမပြည့်မီပါက လစ်လျူရှုမှုနှင့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်ရနိုင်ပါတယ်။

https://s9.kh1.co/__image/w=615,h=433,q=100/6c/6cf1b6202f8cde9dac6156ba950f488053916b9b.jpg

သတင်း အရင်းအမြစ်Daily Star

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T