မိုးကြိုးအပစ်ခံရပေမယ့်လည်း ဘာမှမဖြစ်ပဲ အသက်ရှင်ခဲ့တဲ့ ၁၅ နှစ်အရွယ် ကောင်မလေး

//s9.kh1.co/14/14e2d0f37e440afccc4a1920da7e29d7e4b1000e.jpg
နေ့စဉ်သတင်းများ

 ၁၈-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

သူမဘယ်လို အသက်ရှင်ခဲ့လဲဆိုတာ သင်သိရင် အံ့ဩသွားပါလိမ့်မယ်......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ်၊ Pennsylvania နေအိမ်မှာ တနင်္လာနေ့က မိုးကြိုးထိမှန်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး အသက်မှ လွတ်မြောက်ခဲ့ပါတယ်။ Giana Scaramuzzo ရဲ့ နေအိမ်ဟာ မိုးကြိုးပစ်ခံရတဲ့ အနည်းဆုံးငါးအိမ်ထဲတွင် ပါဝင်ခဲ့ပါတယ်။ ဒေသခံသတင်းဌာန WTAE ကို ကိုးကားပြီး Newsweek က မိုးကြိုးပစ်သွားတဲ့ မစ္စ Scaramuzzo ရဲ့ လက်သန်း‌လေးကနေ ဘယ်ဘက်ခြေထောက်ဆီ မိုးကြိုး ဖြတ်သန်းသွားကြောင်း သိရှိခဲ့ရပါတယ်။ ဆယ်ကျော်သက်ကလေးမလေးက သူမအဆင်ပြေကြောင်းနှင့် ဆေးမှူးများက ကုသပေးခဲ့သည်ဟု ဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=400,q=100/f1/f16a0008e16b70297f88250021d065063c32bc78.webp

ဆရာ၀န်တွေဟာ ပုံမှန်ဖြစ်နေတဲ့ သူမရဲ့ သွေးပေါင်ချိန်ကို စစ်ဆေးပြီး နှလုံးမှထုတ်ပေးတဲ့ လျှပ်စစ်လှုပ်ရှားမှုကို တိုင်းတာတဲ့ electrocardiogram ရဲ့ ရလဒ်များကို ဒေသဆိုင်ရာ ဆေးရုံသို့ ပေးပို့ခဲ့ပါတယ်။ WTAE နဲ့ စကားပြောရာမှာ အသက် ၁၅ နှစ်အရွယ်က “မိုးခြိမ်းသံ ကျယ်လောင်စွာကြားရပြီးချိန် လျှပ်စီးကြောင်းကိုမြင်ရပြီး မှန်ထဲက ရောင်ပြန်ဟပ်တာကို မြင်တွေ့လိုက်ရတာမို့ ရုတ်တရက် တုန်လှုပ်သွားသလို ခံစားရပါတယ်။ သမီးလက်သန်းလေးထဲကနေ ခန္ဓာကိုယ်ကိုဖြတ်ကာ ခြေထောက်ကနေ စီးထွက်သွားပါတယ်။" မိုးကြိုးပစ်မှုကြောင့် Ms Scaramuzzo ရဲ့ နေအိမ်တွင် “အပေါက်ကြီး” တစ်ခုကျန်ခဲ့ပြီး အနီးနားရှိ အိမ်ရာအများအပြား ပျက်စီးခဲ့ပါတယ်။

https://s9.kh1.co/__image/w=408,h=612,q=100/5c/5cbd3d79fcd9ac0c086844c4cdfdb1f4c3c45c3b.jpg
https://s9.kh1.co/__image/w=650,h=366,q=100/b4/b401aab96bc219d32ba67b0491a7c0b5cd563a71.webp

ဒါပေမယ့် မီးလောင်ကျွမ်းမှုတော့ မရှိဘူးလို့ ဒေသခံ မီးသတ်ဌာနက ပြောပါတယ်။ ယခုလအစောပိုင်းက အိုကလာဟိုးမားရှိ တိုက်ခန်းတစ်ခန်းမှ အိမ်သာတစ်လုံး မိုးကြိုးပစ်ခံရပြီးနောက် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ Newsweek ရဲ့ အဆိုအရ မိုးကြိုးပစ်ခံရတဲ့ လူများရဲ့ ၁၀ ရာခိုင်နှုန်းခန့်ဟာ နှလုံးရောဂါကြောင့် သေဆုံးကြသည်ဟု ကျွမ်းကျင်သူများက ဆိုပါတယ်။ မိမိကိုယ်ကို ကာကွယ်ရန်အတွက် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ လူများအား မိုးကြိုးပစ်နေစဉ် အိမ်ထဲမှာနေရန် နှင့် ကြိုးတပ်ထားတဲ့ ဖုန်းများကို ပိတ်ထားရန် ကွန်ပျူတာ သို့မဟုတ် အီလက်ထရွန်နစ်ပစ္စည်းများကို အသုံးမပြုရန် အကြံပြုထားပါတယ်။ လူများကို ပြတင်းပေါက်များ၊ တံခါးများနှင့် ဝေးဝေးနေရန်နှင့် ရေချိုးခန်းအပြင် အခြားပိုက်လိုင်းများနှင့် ဝေးဝေးနေရန်လည်း အကြံပြုထားပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/1c/1ce81a5e4b95fa14a31248e9c0c5235b40228d23.jpg

သတင်း အရင်းအမြစ်NDTV

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T