ပုသိမ်မြို့မှာ ဆံပင်တစ်ပိဿာစျေးကျပ်သိန်း(၂၀) အထိမြင့်တက်နေ

//s9.kh1.co/6b/6bf6bafc24f210c28c2de170ff70795d0fd0d52f.jpg
နေ့စဉ်သတင်းများ

 ၁၇-မေ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပို့ကုန်အဖြစ်....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်အဖြစ် တစ်ခုပါဝင်တဲ့ ဆံပင်စျေးကွက်ဟာ လတ်တလောမှာ အတော်လေး မြင့်တက်လာခဲ့ပြီး လက်ရှိမှာ ဆံပင်ရောင်းဝယ်လုပ်သူများပိုမိုပေါများနေတယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

လက်ရှိ ဆံပင်ရောင်းဝယ်ရေးဈေးကွက်မှာ ဆံပင် တစ်ပိဿာကို အတိုအရှည်ပေါ်မူတည်ကာ ငွေကျပ် နှစ်သိန်းခွဲ မှ ငွေကျပ် သိန်း (၂၀)ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ရှိ ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဆံပင်စျေးကွက်မှာ ယခင်က မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့သာအဓိက တင်ပို့ရောင်းချမှုရှိခဲ့သော်လည်း ယခုနှစ်ပိုင်းမှာ စျေးကွက်ပြောင်းလဲသွားခဲ့ပြီး ပြည်တွင်းမှာနေထိုင်နေကြတဲ့ ပြည်ပနိုင်ငံသားများနှင့် ပြည်ပနိုင်ငံများရှိ အဝယ်ဒိုင်သို့ တိုက်ရိုက်ချိတ်ဆက်ကာ ဝယ်ယူနေကြတာဖြစ်တယ်လို့​ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T