မယားကိုးယောက်ရှိပြီး ကလေးယူဖို့ စီစဉ်နေတဲ့ အမျိုးသားတစ်ဦးဟာ ဘယ်သူနဲ့ ကလေးအရင်ယူမလဲအပေါ်ကို 'Fisrt Come, First Served' ဆိုပြီးပြောခဲ့ပါတယ်။ ဒီကိစ္စကိုလည်း သူမိန်းမတွေထဲက တစ်ယောက်ထွက်သွားပြီးနောက် ပြောခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်မော်ဒယ် Arthur O Urso ဟာ ဇနီးသည်များ စိတ်ကျေနပ်စေရန် လိင်ဆက်ဆံမှု ပြုလုပ်ထားေပမယ့်လည်း နောက်ထပ် အမျိုးသမီး နှစ်ဦးနှင့် လက်ထပ်လိုကြောင်း ပြောကြားပြီးနောက် ပြီးခဲ့တဲ့လတွင် ခေါင်းကြီးပိုင်းအဖြစ်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့မိန်းမတွေထဲက တစ်ယောက် ထွက်သွားပြီးနောက်မှာတော့ Arthur ဟာ ကလေးတစ်ယောက်နဲ့ သူ့မိသားစုကို တိုးချဲ့ဖို့ မျှော်လင့်နေပါတယ်။


Arthur နှင့် သူရဲ့ပထမဇနီး Luana Kazaki တို့ဟာ Sao Paulo ရှိ ကက်သလစ်ဘုရားကျောင်းတွင် အခြားအမျိုးသမီးများနှင့် တရားဝင်ပေါင်းစည်းခဲ့တဲ့ ပထမဆုံး လင်မယားဖြစ်ပါတယ်။ သို့သော် ဘရာဇီးတွင် မိန်းမများစွာယူခြင်းဟာ တရားမဝင်ဖြစ်တာကြောင့် သူတို့ လက်ထပ်ထိမ်းမြားတာဟာ တရား၀င် မိန်းမတွေမဖြစ်စေခဲ့ပါဘူး။ “ဒါတွေအားလုံးရဲ့ ကောင်းတဲ့အချက်က ကျွန်တော့်ဇနီးသည်တွေမှာ ကလေးရှိလာနိုင်ဖို့ပါပဲ၊ ကလေးက လူတိုင်းရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကြီးပြင်းလာမှာပါ” လို့ Arthur က Jam Press သို့ ပြောကြားခဲ့ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်တော့်မှာ အချစ်ဆုံးဇနီးမရှိဘူး၊ ကျွန်တော်တို့က သဘာဝအတိုင်းဖြစ်သွားဖို့ပါပဲ"


အာသာရဲ့ အဆိုအရ မိန်းမ ၈ ယောက်ထဲက တချို့သူတွေဟာ မိခင်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး မတူညီတဲ့ခံစားချက်များရှိပြီး အချို့မှာ ကလေးယူလိုစိတ်မရှိသေးကြောင်း သိရပါတယ်။ သို့သော် အခြားသူများမှာ အဖွဲ့ထဲသို့ ကလေးတစ်ဦးကို ကြိုဆိုမည့်အလားအလာအတွက် ပီတိဖြစ်နေကြပါတယ်။ “ကျွန်တော် အရမ်းစိုးရိမ်တာကို ဖုံးကွယ်ထားလို့မရပါဘူး၊ သူတို့အားလုံးက အဲဒါကို စိတ်အားထက်သန်ကြတယ်” လို့ သူကပြောခဲ့ပါတယ်။ “သားဦးလေးရောက်လာချိန် တခြားသူတွေကလည်း ဒီအခြေအနေကိုမြင်ပြီးရင် သူတို့လည်း ထပ်တူခံစားချင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့်အခုတော့ First Come, First Served ပေါ့ " လက်ရှိချိန်မှာသူဟာ မိန်းမ ၈ ယောက်ရှိပြီး နောက်ထပ် ၂ ယောက်ယူဖို့အစီအစဉ်နဲ့ ကလေးယူဖို့ရှိပါတယ်။


သတင်း အရင်းအမြစ်៖ The Mirror





