အင်ဒိုနီးရှား ကို (၃)ဂိုး(၁)ဂိုးနဲ့ အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်း

//s9.kh1.co/8e/8e0d9f308d606ae362e00807d5c0c1bd7167232f.jpg
အားကစားသတင်းများ

 ၁၅-မေ-၂၀၂၂ ၁၁pm · လွန်ခဲ့သော ၂ နှစ် က

(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ သွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာအသင်းဟာ....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လက်ရှိ ဗီယက်နမ်နိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေတဲ့ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ကြီးမှာ မြန်မာနိုင်ငံမှသွားရောက်ယှဥ်ပြိုင်နေတယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဲ့သလို သွားရောက်ယှဥ်ပြိုင်နေတဲ့ထဲမှာ မြန်မာအမျိုးသားဖူဆယ်အဖွဲ့လည်းပါဝင်ပါတယ်။ ဒီနှစ် ဆီးဂိမ်းမှာဆိုရင် မြန်မာအမျိုးသားဖူဆယ်အဖွဲ့က ခြေစွမ်းအတော်လေးကောင်းခဲ့ပြီး နိုင်ငံတကာမှာ နာမည်ကြီးနေပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့်လည်း ယမန်နေ့ မေလ(၁၅)ရက်နေ့က အင်ဒိုနီးရှားအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ ပွဲစဥ်မှာတော့ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ဆီမီးဖိုင်နယ်တက်ရောက်ရန် မဖြစ်မနေ အနိုင်ကစားရမည်ဖြစ်သော်လည်း သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့အတွက်​ အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရပြီး မြန်မာအသင်းဟာ (၄)ပွဲကစား၊ (၂)ပွဲနိုင်၊ (၂)ပွဲရှုံး၊ ရမှတ်(၆)မှတ်ဖြင့် အုပ်စုတတိယနေရာသာ ရခဲ့တဲ့အတွက် ပြိုင်ပွဲမှ ထွက်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T