ကားမောင်းနေရင်း သတိလစ်မေ့မျောသွားတဲ့ အမျိုးသမီးတစ်ဦးကို အခြားယာဥ်မောင်းများက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံ

//s9.kh1.co/33/33e010bbd01429fa91d1a8cba003417a897afa8e.jpg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

.

အမေရိကန် ၊ ဖလော်ရီဒါပြည်နယ် Boynton ကမ်းခြေအနီးနားမှာ မေလ ၅ ရက်က လမ်းဆုံမီးပွိုင့်တစ်နေရာမှာ အမျိုးသမီးတစ်ဦး သတိလစ်မေ့မျောပြီး ဆေးကုသမှုခံယူဖို့ အရေးပေါ် ဖြစ်ခဲ့တာကို အနီးပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာသူများက ကူညီပေးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်မှာ ပျံနှံ့လာတာ တွေ့ရပါတယ်။

Photo Credit -WPBF 25 New
Photo Credit -WPBF 25 New

လမ်းဆုံမှာ မီးပွိုင့်မိနေတုန်းအချိန်လေးမှာ အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ ကားတစ်စီးဟာ လမ်းဆုံသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားတာကြောင့် အနီးအနားက သူများကလည်း မြင်ပြီး သူတို့ရဲ့ ကားတွေကို ရပ်ခဲ့ကာ ပြေးထွက်လာခဲ့ပါတယ်။ အဲ့ဒီမှာ အခြားယာဉ်မောင်းများက ကားကိုရပ်တန့်ရန် အတူတကွပူးပေါင်းပြီး နောက်ပြတင်းပေါက်ကို ရိုက်ခွဲခဲ့ကာ အထဲက သတိမေ့မျောနေတဲ့ အမျိုးသမီးကို ကယ်ထုတ်ခဲ့ပါတယ်။

Photo Credit -WPBF 25 New
Photo Credit -WPBF 25 New

အဆိုပါ သတိလစ်နေတဲ့ အမျိုးသမီးဟာ ဆေးကုသဖို့လိုအပ်နေတာဖြစ်လို့ အနီးရှိ သူနာပြုတစ်ဦးဟာ ၉၁၁ သို့ ဖုန်းခေါ်ဆိုကာ မီးသတ်ဌာနသို့ ရောက်ရှိလာသည်အထိ ဆေးကုသပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်လေးရဲ့ ရုပ်သံဖိုင်ကတော့ လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပြီး လူတွေကို ချီးကျူးဂုဏ်ပြုပေးခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်Source - WPBF 25 New

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T