ဒီရက်ပိုင်းအတွင်း TikTok ပေါ်မှာ မျက်နှာမဲ့မဲ့ကြီးနဲ့ ငိုနေကြသူတွေရဲ့ Video တွေကိုအတွေ့များကြမှာပါ။အဲ့ဒီငိုနေကြသူတွေဟာ တကယ်ကြီးငိုနေကြတာတော့မဟုတ်ပါဘူး။Sad Face Filter လို့ခေါ်တဲ့ Filter တစ်ခုကိုအသုံးပြုပြီးတော့ လူတွေငိုနေကြတဲ့ Video တွေကိုဖန်တီးနေကြတာဖြစ်ပါတယ်။ဒီ Filter ကိုသုံးထားရင် Video ထဲမှာပါသူက မျက်ရဉ်လည်ရွှဲနဲ့ငိုကြွေးနေပြီး တော်တော်လေးဝမ်းနည်းနေပုံကို မြင်ရမှာပါ။
အဲ့ဒီ Filter ကိုသုံးချင်လို့ဆိုပြီး TikTok ပေါ်မှာသွားရှာနေရင်တော့တွေ့မှာမဟုတ်ပါဘူး။TikTok ထဲမှာဒီ Filter မရှိပဲ တခြားလူသုံးများတဲ့ Social Media တစ်ခုဖြစ်တဲ့ Snapchat မှာ Filter ကိုအသုံးပြု၊Video ရိုက်ယူပြီးမှ TikTok ပေါ်ကိုပြန်တင်ကြတာဖြစ်ပါတယ်။

Snapchat ကလည်း Filter တွေအများကြီးနဲ့ လူငယ်တွေကြားမှာ ရေပန်းစားပေမဲ့ TikTok လောက်တော့လူသိမများပါဘူး။Snapchat ကအဲ့ဒီ Filter ဟာတရားခွင်မှာငိုခဲ့တဲ့ Amber Heard ကို Inspire ယူထားတယ်လို့တောင် သတင်းထွက်ခဲ့ပေမဲ့ တကယ်တမ်းတော့မဟုတ်ပါဘူး။

Snapchat မှာ Crying ဆိုတဲ့ Filter ကိုလိုက်ရှာပြီး Video ရိုက်ရမှာပါ။အဲ့နောက်မှာ TikTok ပေါ်မှာလည်းပြန်တင်လို့ရပြီး ဒီတိုင်း Snapchat ထဲက Video ကိုပဲယူရင်လည်းရပါတယ်။Video မယူပဲနဲ့ဒီတိုင်းဓာတ်ပုံပဲရိုက်လို့ရတာကြောင့် သူငယ်ချင်းတွေ၊မိသားစုတွေနဲ့ အခွီတွေလုပ်နိုင်ပါတယ်။ခုချိန်မှာ လူတကာလိုက်လုပ်နေကြတဲ့ Trend တစ်ခုဖြစ်တာကြောင့်ရော၊ရယ်ရတာကြောင့်ရော စမ်းသုံးကြည့်သင့်တဲ့ Filter တစ်ခုဖြစ်ပါတယ်။