ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ကြီးရဲ့ ယူ ၂၃ ဘောလုံးပြိုင်မှာ ဒီကနေ့ မေလ ၁၃ ရက် ညနေ ၆ နာရီခွဲမှာ မြန်မာအသင်းက အမျိုးသားအသင်းရော အမျိုးသမီးအသင်းပါ ပွဲစဉ်နှစ်ပွဲလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း အကြိတ်အနယ် ယှဥ်ပြိုင်ကစားရမှာလို့ သိရပါတယ်။


ယူ ၂၃ အမျိုးသားအသင်းကတော့ အိမ်ရှင် ဗီယက်နမ်းအသင်းနှင့် ယှဥ်ပြိုင်ရမှာ ဖြစ်ပြီး အမျိုးသမီး အသင်းကလည်း အဓိက ပြိုင်ဘက် ထိုင်းအသင်းနှင့် အကြိတ်အနယ် ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပွဲစဥ်နှစ်ပွဲစလုံးဟာ သမိုင်းထဲက အစဥ်အလာ ပြိုင်ဘက်တွေထိပ်တိုက်တွေ့ကြမှာ ဖြစ်လို့ ဘောလုံးပရိသတ်တွေအတွက် ကြည့်လို့ကောင်းလောက်မယ့် ပွဲစဥ်တွေပဲဖြစ်ပါတယ်။

မြန်မာ အမျိုးသားအသင်းကတော့ အုပ်စု (က) မှာ နိုင်ပွဲနှစ်ပွဲဆက်တိုက် ရမှတ် (၆) မှာဖြစ် အမှတ်ပေးဇယားရဲ့ ပထမဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်း အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ် (၄) မှတ်နဲ့ တတိယနေရာမှာ ရှိနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးအသင်းကို ကြည့်မယ်ဆိုရင်လည်း မြန်မာအသင်း နှင့် ထိုင်းသင်းတို့ဟာ ရမှတ် (၃) မှတ်စီရယူထားတဲ့ အသင်းနှစ်သင်းပဲ ဖြစ်ပါတယ်။
မြန်မာဘောလုံးချစ် ဝါသနာရှင်များအတွက် အကြိတ်အနယ်ယှဥ်ပြိုင်ကစားမယ့် မြန်မာ ပွဲစဥ်နှစ်ပွဲစလုံးကို ကြည့်ရှုချင်တယ်ဆိုရင် SEA Games 31 Viet 2021 page ကနေ တိုက်ရိုက် Live ကြည့်ရှုလို့ရကြောင်း သိရပါတယ်။

သတင်း အရင်းအမြစ်៖ Source - SEA Games 31 Viet 2021