အမေရိကန်သို့ပထမဆုံးလာရောက်လည်ပတ်တဲ့အချိန်မှာ ဖိနပ်နဲ့ပေါက်ခံခဲ့ရတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်

//s9.kh1.co/3f/3f6a75267bc5642c24a3f16a7a1af746c2a38ac2.jpg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဟာ (၃၆)နှစ်ကြာကာလအတွင်း ပထမဆုံးအကြိမ်..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဟာ (၃၆)နှစ်ကြာကာလအတွင်း ဝါရှင်တန်သို့ ပထမဆုံးလာရောက်လည်ပတ်ခဲ့ပြီး အဲ့လိုလည်ပတ်ခဲ့စဥ်မှာပဲ အရှေ့တောင် အာရှနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက သူ့ကို ဖိနပ်တစ်ရံဖြင့် ပစ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အသက် (၆၉) နှစ်အရွယ်ရှိ အာရှနိုင်ငံသားဟာ အမေရိကန်-အရှေ့တောင်အာရှ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအကြိုတွင် ထောက်ခံသူများကို တွေ့ဆုံရန် ပြင်ဆင်နေချိန်မှာပဲ အငြိမ်းစား ကမ္ဘောဒီးယားစစ်သားတစ်ဦးသည် ၎င်းရဲ့ ဖိနပ်ကို ဆွဲချွတ်ကာ သူ့ကို ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မေလ(၁၁)ရက်နေ့ ၊ ဗုဒ္ဓဟူးနေ့က Willard Intercontinental Hotel မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကို ဗီဒီယိုဖိုင်အနေနဲ့ ဖမ်းမိခဲ့ပြီး နောက် ထိုဗီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ပစ်ပေါက်သူက ဟွန်ဆန့်ကို အရှက်ရစေချင်တာကြောင့် ဒါကိုလုပ်ဖို့ အချိန်အတော်ကြာအောင် ရည်ရွယ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဟွန်ဆန်ရဲ့ သက်တော်စောင့်တွေက သူ့ဆီ ခုန်ဆင်းပြီး ရိုက်နှက်ဖို့ ကြိုးစားခဲ့ပေမယ့် အမေရိကန် လုံခြုံရေး အရာရှိတွေက ကြားဝင်စွက်ဖက်ပြီး အခင်းဖြစ်ပွားရာကနေ ထွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T