အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိလာတဲ့ အာဆီယံ ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က သမ္မတအိမ်ဖြူတော်မှာ ပထမဆုံးအကြိမ်အဖြစ် ကြိုဆိုလိုက်တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် ကြိုဆိုခဲ့ပြီး အရှေ့တောင်အာရှအတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း ပြောကြားထားခဲ့ပါသေးတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်နဲ့အာဆီယံဒေသရှိ လူဦးရေ သန်းတစ်ထောင်အတွက် လုံခြုံရေး၊ ချမ်းသာဝပြောရေးနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာဖို့အရေးတွေမှာ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ အာဆီယံခေါင်းဆောင်တွေဟာ အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေး တက်ဖို့ ဝါရှင်တန်ဒီစီမှာရောက်ရှိနေတာ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့တော့ ပါဝင်လာခြင်းမရှိဘူးလို့သိရပါတယ်။
