ကိုယ့်သားသမီးကနေ ပြန်မွေးဖွားလာတဲ့ မြေးလေးတွေနဲ့နေထိုင်ပြီး အဖိုးအဖွားဘွဲ့ကို မိဘတိုင်းခံယူချင်ကြမှာပါ။အိန္ဒိယနိုင်ငံက ဇနီးမောင်နှံနှစ်ယောက်ရဲ့ မြေးလိုချင်စိတ်ကတော့ ဘယ်သူမှလိုက်မမှီလောက်အောင် Next level ကိုရောက်ရှိသွားပါပြီ။

အသက် ၆၁ နှစ်ရှိတဲ့ ဆန်ဂျိပရာဆက်နဲ့ ဇနီးဖြစ်သူ ၅၁ နှစ်အရွယ် ဆဒ်ဟာနာတို့ဟာ သူတို့သားနဲ့ချွေးမဖြစ်သူတို့ကို တရားစွဲထားပါတယ်။ကိုယ့်သားအရင်းကိုပြန်တရားစွဲရတဲ့ အကြောင်းရင်းကတော့ သူ့တို့သားဟာခုချိန်ထိ မြေးမမွေးပေးသေးလို့ပါတဲ့။

သားဖြစ်သူ ရှီရေဆာဂါနဲ့ ဇနီးဆပ်ဟန်ဂီတို့ကို ၂၀၁၆ ခုနှစ်တုန်းကပေးစားထားတာဖြစ်ပြီး မင်္ဂလာဆောင်ပြီးပြီးချင်းကတောင် ကလေးမွေးနိုင်စေဖို့အတွက် ထိုင်းကိုပျားရည်ဆမ်းခရီးလွှတ်ခဲ့ပါတယ်။အမေရိကန်ကိုပညာသင်လွှတ်ခဲ့ပြီး ပြန်လာချိန် အိန္ဒိယမှာပိုင်းလော့လုပ်နေတဲ့သားဟာ ဇနီးဖြစ်သူနဲ့အတူတူမနေဘူးလို့လည်းသိရပါတယ်။
I gave my son all my money, got him trained in America. I don't have any money now. We have taken a loan from bank to build home. We're troubled financially& personally. We have demanded Rs 2.5 cr each from both my son & daughter-in-law in our petition: SR Prasad, Father pic.twitter.com/MeKMlBSFk1
— ANI UP/Uttarakhand (@ANINewsUP) May 11, 2022
မင်္ဂလာဆောင်စဥ်ကလည်း စတာလင်ပေါင် ၆၃၀၀၀ တန်ဖိုးရှိအော်ဒီကားတစ်စီးကိုလက်ဆောင်ပေးခဲ့ပြီး ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်ခုမှာ မင်္ဂလာပွဲကျင်းပပေးခဲ့ပါတယ်။စတင်မွေးဖွားကတည်းက ခုချိန်ထိသူ့အတွက် စုစုပေါင်းစတာလင်ပေါင် ၂၆၅၀၀၀ အသုံးပြုခဲ့ပြီး ခုတရားစွဲချိန်မှာ လျော်ကြေးငွေအနေနဲ့ ပေါင် ၅၃၀၀၀၀ ကိုပြန်လည်တောင်းဆိုထားပါတယ်။သားဖြစ်သူဇနီးမောင်နှံက တစ်နှစ်အတွင်းကလေးမွေးရင်မွေး၊မမွေးနိုင်ရင်အမှုရှုံးပြီး လျော်ကြေးငွေပေးအပ်ရမှာပါ။

အဖေဖြစ်သူက “သူ့ကိုပျိုးထောင်ဖို့ ငါတို့အိပ်မက်တွေကိုအဆုံးရှုံးခံခဲ့ရတယ်။အဖိုးအဖွားဖြစ်ချင်တာ မိဘတိုင်းရဲ့အိပ်မက်ပဲလေ။ငါအဖိုးဖြစ်ချင်လို့စောင့်နေတာ အရမ်းကြာပြီ။သားနဲ့ချွေးမကိုနားချတော့လည်း သူတို့ကစိတ်ဝင်စားပုံမပြဘူး။မြေးမရလိုက်ပဲ သေသွားမှာကို စဥ်းစားမိရင် အရမ်းဝမ်းနည်းရတယ်”လို့မီဒီယာတွေကိုပြောခဲ့ပါတယ်။အမှုတွဲထဲမှာ သားနဲ့သမီးကို စိတ်ပိုင်းဆိုင်ရာနာကျင်ခံစားရစေမှု၊စိတ်ပိုင်းဆိုင်ရာနိုင့်ထက်စီးနင်းပြုလုပ်မှုတို့နဲ့ တရားစွဲထားတယ်လို့သိရပါတယ်။