နိုင်ငံသားတွေဆီ ဆေးခြောက်ပင်တွေအခမဲ့ဖြန့်ဝေပေးသွားမဲ့ ထိုင်းအစိုးရ - Myanmarload

နိုင်ငံသားတွေဆီ ဆေးခြောက်ပင်တွေအခမဲ့ဖြန့်ဝေပေးသွားမဲ့ ထိုင်းအစိုးရ

https://s9.kh1.co/b3/b3d0e46896221ae7a604fa242a89859c01e621ac.jpg
နေ့စဉ်သတင်းများ
 13-May-2022 9am · 11 days ago

ထိုင်းမှာတော့ဆေးခြောက်တရားဝင်အသုံးပြုခွင့်သာမက အစိုးရကပါစိုက်ပျိုးဖို့အားပေးနေပါပြီ

ထိုင်းအစိုးရဟာ ဆေးခြောက်ပင်ပေါင်း တစ်သန်းလောက်ကို နိုင်ငံတဝှမ်းကလူတွေဆီ အခမဲ့ဖြန့်ဝေပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးကကြေညာခဲ့ပါတယ်။ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပေးပြီးနောက်မှာ အိမ်မှာအပင်စိုက်ပြီး ကိုယ်တိုင်ကိုယ်ကျအသုံးပြုနိုင်အောင် ဖြန့်ဝေပေးတာပါ။

https://s9.kh1.co/__image/w=650,h=365,q=100/70/70d24aeb5988f431d2e46fdae3a53a1e703e3cc5.png

ကျန်းမာရေးဝန်ကြီးက ပြီးခဲ့တဲ့မေလ ၈ ရက်နေ့ကဒီအကြောင်းကို Facebook ကနေတဆင့် အသိပေးခဲ့တာဖြစ်ပြီးအဲ့လိုဖြန့်ဝေပေးရတဲ့အဓိအကြောင်းရင်းကတော့ အိမ်မှာပဲတခြားအပင်တွေလို စိုက်ပျိုးနိုင်အောင်ဖြန့်ဝေပေးခဲ့တာပါတဲ့။

https://s9.kh1.co/__image/w=650,h=366,q=100/b5/b5215e57cde5d8caeb8a79db31b7fbe507d5015b.png

ဇွန်လ ၉ ရက်နေ့မှာစအသက်ဝင်မဲ့ ဥပဒေမှာ ထိုင်းနိုင်ငံသားတွေအနေနဲ့ အစိုးရကိုအသိပေးပြီး အိမ်မှာဆေးခြောက်ပင်တွေစိုက်ပျိုးနိုင်ကြောင်း၊ဒါပေမဲ့စိုက်တဲ့အပင်ဟာ ဆေးအဖြစ်သုံးဖို့ အဆင့်အတန်းမှီပြီး ဆေးအနေနဲ့သာအသုံးပြုရမှာဖြစ်ကြောင်း၊လိုင်စင်မရှိပဲနဲ့ ဆေးခြောက်ပင်တွေကို စီးပွားရေးအရရောင်းချလို့မရကြောင်း ပါဝင်ပါတယ်။ဆေးခြောက်တွေကို ဒီလိုကျယ်ကျယ်ပြန့်ပြန့်သုံးလာတာဟာ နိုင်ငံရဲ့စီးပွားဖြစ်သီးပင်စားပင်အဖြစ် အသုံးပြုချင်တာကြောင့်ပါ။ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံရဲ့ အလုပ်သမားတော်တော်များများလည်း ဆေးခြောက်ပင်စိုက်ခင်းတွေထဲမှာ လုပ်ကိုင်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b6/b6cc8b29706d15edf633920285917a203297ab47.png

ထိုင်းမှာဆေးခြောက်နဲ့ပတ်သက်တဲ့ဥပဒေတွေလည်းတော်တော်လျော့ကျသွားပါတယ်။မနှစ်ကဆိုထိုင်းကုမ္ပဏီ တွေဟာအချိုရည်တွေနဲ့ အလှကုန်တွေထဲမှာ လျှော်ပင်တွေနဲ့ အသုံးပြုသူကိုမူးယစ်ခြင်းမဖြစ်စေတဲ့ CBD ကွန်ပေါင်းတွေကိုထည့်သွင်းအသုံးပြုလာကြပါတယ်။ကျန်းမာရေးဝန်ကြီးဟာ ဒီလိုမျိုးဆေးခြောက်စိုက်ပျိုးမှုကနေပြီး တစ်နှစ်ကိုအခွန်ငွေ ၁၀ ဘီလီလျံလောက်ရရှိနိုင်မယ်လို့မှန်းထားကြောင်း Post ထဲမှာထည့်ရေးထားပါတယ်။

https://s9.kh1.co/__image/w=650,h=421,q=100/aa/aa7184b60d5b92901bb039587e62af995dd0b956.png
Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း