လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ကျောင်းသူများ လူမိုက်ဆန်ဆန် အကြမ်းဖက်နေတဲ့ ရုပ်သံဖိုင်

//s9.kh1.co/bf/bfefdd7ca143c98617eeae6b8c633812dfcaa064.png
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.


တောင်ကိုရီးယားရဲ့ လူမှုကွန်ယက်စာမျက်နှာတချို့မှာ ဝေဖန်မှုတွေမြင့်တက်နေတဲ့ ရုပ်သံဗီဒီယိုဖိုင်တစ်ခုဟာ လက်တလော ပျံ့နှံ့နေတာ တွေ့ရပါတယ်။ ဒါကတော့ ဂန်းဒုံးခရိုင် ၊ ချွန်ဟိုရပ်ကွက်မှာ ကျောင်းသူတစ်ဦးကို ကိုယ်ထိလက်‌ရောက် အဖွဲ့လိုက် အကြမ်းဖက်မှုဖြစ်ခဲ့တာလေးကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ရုပ်သံမှာတော့ ကျောင်းသား နှစ်ဦ နှင့် ကျောင်းသူ သုံးဦးပါတဲ့ အဖွဲ့က လူအသွားအလာနည်းပါးတဲ့ နေရာမှာ ကျောင်းသူတစ်ဦးကို လူမိုက်ဆန်ဆန် ဝိုင်းဝန်းရိုက်နှက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=450,q=100/ba/bae49bfc694dab6b4409642c9c6e44bdb741c347.jpg

ယောကျာ်းလေးနှစ်ကတော့ ရိုက်နှက်မှုမှာ ပါဝင်တာမတွေ့ရပေမယ့် အဖော်မိန်းကလေး သုံးဦးရဲ့ အကြမ်းဖက်နေမှုကို အားပေးအားမြှောက်ခဲ့ကြတာ တွေ့ရပါတယ်။ မည်သည့်အတွက်ကြောင့် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာ မသိရပေးမယ့် ယခုလို အများနှင့်တစ်ယောက် အကြမ်းဖက်မှုနေတာကတော့ တကယ့်ကို စိတ်ထိခိုက်စေတဲ့ လုပ်ရပ်တစ်ခုပါ။ ဒီဖြစ်ရပ်ကို ဗီဒီယိုရိုက်ထားသူကတော့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားကြောင်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=453,q=100/00/0027146b3030ab2a25ba7773a416be68a2f33bd4.jpg
https://s9.kh1.co/__image/w=650,h=547,q=100/98/98de7c77a580ab9790795df269c50d39c874d652.jpg

ယခုလို ကျောင်းတွင်အကြမ်းဖက်မှုများဟာ ကိုရီးယားဇာတ်ကားတွေထဲမှာသာ ရှိခဲ့ကြတာလို့ ထင်ခဲ့ကြပေမယ့် အပြင်လောက တကယ်ရှိတာကို ယခုဗီဒီယိုလေးက သက်သေးပြခဲ့ပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့၂နှစ်​လောက်ကလည်း အလားတူဖြစ်ရပ်မျိုးရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှာတော့ ​ကျောင်းသား​လေး တစ်ဦး ​သေဆုံးသွားလို့ တောင်ကိုရီးယားမှာ အတော်လေးကို နာမည်ကြီးသွား​ခဲ့ပါသေးတယ်။ ယခုကျောင်းတွင်း အကြမ်းဖက်မှုဖြစ်ရပ်ရဲ့ ရုပ်သံဖိုင်လေးကို ကြည့်ရှုပြီး ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်လေးတွေကို ဖွင့်ဟပေးခဲ့ပါဦးနော်....။

သတင်း အရင်းအမြစ်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T