တရုတ် ခရီးသည်လေယာဥ်တစ်စီး ဒီကနေ့ မတော်တဆ ပြေးလမ်းချော်ပြီး မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ ရုပ်သံ

//s9.kh1.co/1a/1a6dea7020cb15c8568f2a1c90406b3d6b3ee43e.jpg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.


တရုတ်တိဘက်လေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ဒီကနေ့ ကြာသပတေးနေ့ နံနက်ပိုင်းက နိုင်ငံအနောက်တောင်ပိုင်း ချုံကင်းမြို့မှာ ပျံသန်းနေစဉ် မတော်တဆပြေးလမ်းချော်သွားကာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ CCTV မှတ်တမ်းများအရ ဗီဒီယိုဖိုင်မှာတော့ Chongqing Jiangbei အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တိဘက်လေကြောင်းလိုင်း လေယာဉ်ကိုယ်ထည်မှ မီးတောက်များနှင့် အနက်ရောင်မီးခိုးများ ထွက်နေတာကို ဟောင်ကောင်အခြေစိုက် South China Morning Post က ဖော်ပြခဲ့ပါတယ်။

Photo Credit - People's Daily China
Photo Credit - People's Daily China

ဒါ့အပြင် အနောက်တံခါးရှိ ကယ်ဆယ်ရေးလျှောမှတစ်ဆင့် ခရီးသည်များက လေယာဉ်ပေါ်ကနေ အော်ဟစ်ပြီး ပြေးထွက်လာကြတာကို မြင်တွေ့ရပါတယ်။ လေယာဥ် မီးလောင်ကျွမ်းမှုကြောင့် အသေအပျောက် အရေအတွက်ကို ချက်ချင်း မသိရသေးကြောင်း အစိုးရပိုင် CGTN က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် တိဘက်လေကြောင်းလိုင်းကတော့ ခရီးသည် ၁၁၃ ဦးနှင့် လေယာဉ်အမှုထမ်း ၉ ဦးကို ဘေးကင်းစွာ ကယ်ထုတ်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

Photo Credit - People's Daily China
Photo Credit - People's Daily China
Photo Credit - People's Daily China
Photo Credit - People's Daily China

ဒဏ်ရာရသူ အနည်းငယ်ရရှိတဲ့ ခရီးသည်များကိုတော့ ဆေးရုံသို့ ပို့ဆောင်ထားပြီး ကုသပေးထားကြောင်း သိရပါတယ်။ အလားတူ ယခုလို မတော်တဆ ဖြစ်ရပ်တချို့လည်းရှိခဲ့ပြီး လူသေဆုံးမှုများလည်းရှိခဲ့ပါတယ်။ ဒီကနေ့ တိဗက်လေကြောင်းလိုင်းက မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ ရုပ်သံဖိုင်ကို ပြန်လည်ကြည့်ရှုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - People's Daily China
Photo Credit - People's Daily China

သတင်း အရင်းအမြစ်Source - People's Daily China

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T