၈ လွှာ ပြတင်းပေါက်ကနေ ပြုတ်ကျတော့မယ့် ကလေးငယ်လေးကို သက်စွန့်ကြိုးပမ်း ကယ်တင်ခဲ့တဲ့ သဲထိပ်ရင်ဖို ရုပ်သံ

//s9.kh1.co/82/822a58b9d291622435ef41f536794ad96c838f3b.jpg
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၂ ၉pm · လွန်ခဲ့သော ၂ နှစ် က

.

ဒီတစ်ခါမှာတော့ ကလေးမိဘတွေ သတိထားသင့်လောက်တဲ့ သဲထိပ်ရင်ဖို ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်လေးကတော့ ကာဇက်စတန် နိုင်ငံ Astana မြို့လေးမှာ ဖြစ်ပွားခဲ့တာ လို့ သိရပါတယ်။ ဒါကတော့ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ အထပ်မြင့် ၈ လွှာက ကလေးငယ်ဟာ ပြတင်းပေါက်ကနေ ပြုတ်ကျလုဆဲဖြစ်နေချိန် အိမ်နီးချင်းတစ်ဦးက တွေ့ရှိပြီး ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=821,q=100/60/603e91c6748d1c28d48cd7097411f7a91a3f838b.jpg

ပြတင်းပေါက်ပေါ်တက်နေတဲ့ အဆိုပါ ကလေးငယ်ဟာ အသက် (၃) နှစ်အရွယ် မိန်းကလေးဖြစ်ပြီး သူဟာ မိဘများနေအိမ်မှာမရှိခင်မှာ တစ်ယောက်တည်း အရုပ်နဲ့ဆော့ကစားရင်းကနေ ပြတင်ပေါက်ပေါ်ကို တက်ရောက်ခဲ့တာလို့ သိရပါတယ်။ ပျံ့နှံ့လာတဲ့ရုပ်သံဖိုင်တွေမှာတော့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေ မရောက်ခင်မှာ အိမ်နီးချင်း အမျိုးသားတစ်ဦး က မှန်ပြင်တင်းပေါက်ပေါ်ကို မရမက သက်စွန့်ကြိုးပမ်းတက်ရောက်ပြီး အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=782,q=100/e9/e9682288dfe2972f170455949e201db73493d5db.jpg
https://s9.kh1.co/__image/w=650,h=783,q=100/f9/f9a6e832b99cc905eba8aea53663a43fbd95466a.jpg

အဆိုပါ မြင်ကွင်းကို တွေ့မြင်ရတဲ့ သူတွေကတော့ အောက်ကနေ သဲထိပ်ရင်ဖိုဖြစ်ခဲ့ပြီး အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တဲ့ အချိန်မှာတော့ လက်ခုပ်တီးပြီး ဂုဏ်ပြုပေးခဲ့တာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်လေးကို ကြည့်ပြီး မိဘများက ကိုယ့်ရဲ့ သားသမီးများကို နေအိမ်မှာ တစ်ယောက်တည်း မထားခဲ့ကြဖို့ အသိပေးရင်း မှတ်တမ်းရုပ်သံဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - World Forum

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T