ပိုပိုဖန်တီးထားတာ ကြာပြီဖြစ်တဲ့ သီချင်းသစ်လေးကို ပရိသတ်တွေအလွမ်းပြေအောင် တင်ပေးမယ်ဆိုတဲ့ Admin Team

//s9.kh1.co/ce/cece4c5398aa5dc8c243603e3825a5976fedfe3e.jpg
နေ့စဉ်သတင်းများ

 ၁၀-မေ-၂၀၂၂ ၈pm · လွန်ခဲ့သော ၂ နှစ် က

မပိုပိုက မလွတ်သေးပေမယ့် ...

အသံအားကောင်းကောင်းနဲ့ မိန်းကလေးတွေရဲ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းများစွာကို ရေးစပ်သီဆိုလေ့ရှိသူ အဆိုတော်ပိုပိုကတော့ ဂီတလောကမှာ နာမည်တစ်လုံးရထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=866,q=100/72/72b42f4a9819ceb9fc1fbeb47e6efe2fe2d4d86a.png

သူမရဲ့ ယောကျာ်းဆန်ဆန်ပုံစံလေးကလဲ ပရိသတ်တွေအတွက် တစ်မူထူးခြားလွန်းတာကြောင့် ပိုမိုချစ်ခင်ကြတာလည်း ဖြစ်ပါတယ်။ ပိုပို ရဲ့ထွက်သမျှသီချင်းတိုင်းကလည်း နာမည်ကြီးကျော်ကြားခဲ့ပြီး ပရိသတ်တွေ စောင့်ကြည့်အားပေးရတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/c8/c8f4c2b5344b24be7fe6502a92250758d615cb11.png
https://s9.kh1.co/__image/w=650,h=867,q=100/8b/8b25a781e1285db0945f41066908c89ef6992018.png

ပိုပိုက လတ်တလောနိုင်ငံရေးအခြေအနေကြောင့် ထိန်းသိမ်းခံထားရတာဖြစ်ပြီး ပရိသတ်တွေနဲ့ ဝေးကွာနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ Admin တွေ အားလုံးက တိုင်ပင်ပြီး လာမည့် ပိုပိုမွေးနေ့မှာ ပရိသတ်တွေအတွက် သီချင်းလေး တစ်ပုဒ် လက်ဆောင်ပေးဖို့ကို စီစဉ်နေကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=866,q=100/fe/fe40973d47cdc19271b9a2694b3d910ff640282e.png

"မပိုပိုက မလွတ်သေးပေမယ့် မပိုပိုရဲ့ မွေးနေ့မှာ အမှတ်တရလေးဖြစ်အောင် အပြင်ကAdmin တို့တွေ အားလုံးတိုင်ပင်ပြီး မပိုပိုလုပ်ထားတာ ကြာပြီဖြစ်တဲ့ သီချင်းလေးကို ပရိတ်သတ်တွေလည်း အလွမ်းပြေအောင် သီချင်းလေးတစ်ပုဒ်ကို မပိုပိုမွေးနေ့မှာ ပရိတ်သတ်တွေအတွက် လက်ဆောင်ပေးချင်ပါတယ်

https://s9.kh1.co/__image/w=650,h=650,q=100/f5/f5753dc5f3827814d2ab967a89f39466dab88bf6.jpg

၁၅ရက်နေ့မှာ Youtube မှာ အရင်တင်မှာဖြစ်ပြီး ၁၆ရက်နေ့ မွေးနေ့မှာတော့ fb မှာ တင်မှာဖြစ်ပါတယ် အရင်ဆုံးနားထောင်ချင်တဲ့ ပရိတ်သတ်တွေကတော့ မပိုပိုရဲ့ Youtube Channel လေးကို Subscribe လုပ်ထားနော်

https://youtube.com/c/PoPoOfficialUCB9xyEBASllZm3ZNubs3tTg" ဆိုပြီး သတင်းကောင်းလေး ပြောကြားထားတာပဲ ဖြစ်ပါတယ်။

ပိုပိုချစ်တဲ့ ပရိသတ်တွေကလည်း အလွမ်းပြေလေးဖြစ်အောင် သီချင်းလေးထွက်လာရင် နားဆင်အားပေးလိုက်ကြဦးနော် .....

https://s9.kh1.co/__image/w=650,h=867,q=100/3a/3ac700f2cb8aa78de57c1354cf49e62ad962fe87.png
https://s9.kh1.co/__image/w=650,h=867,q=100/a6/a668c0ffc5df2310f7c3947b5a1a2621a420ff38.png

Photo Credit & Source : Po Po's FB Acc 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T