ဒီကနေ့ မေလ ၁၀ ရက်နေ့ ညနေ့ ၃ နာရီခွဲအချိန်မှာ ဗီယက်နမ်ဆီးဂိမ်းစ် အမျိုးသားဘောလုံးပွဲစဥ်အဖြစ် မြန်မာလက်ရွေးစင် ယူ - ၂၃ အသင်းနှင့် ဖိလစ်ပိုင်လက်ရွေးစင် ယူ - ၂၃ တို့ ယှဥ်ပြိုင်ကစားရမှာ မြန်မာအသင်းက (၃-၂) ဂိုးဖြင့် အနိုင် ၃ မှတ်ကို ထပ်မံ ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပထမဆုံး အဖွင့်ဂိုးကိုတော့ ပွဲကစားချိန် ၂ မိနစ်မှာပဲ ဝင်းနိုင်ထွန်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်အသင်းကတော့ ပထမပိုင်းမှာပဲ သွင်းဂိုး ၂ ဂိုးသွင်းယူပြီး ဦးဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန်မှာတော့ မြန်မာအသင်းရဲ့ တန်ပြန်တိုက်စစ်ဆင်မှုကြောင့် ပွဲချိန် ၅၁ မိနစ်မှာ လွင်မိုးအောင်က ခြေပဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် မြန်မာအသင်းရဲ့ အနိုင်ရွှေဂိုးကိုတော့ ပွဲချိန် ၅၃ မိနစ်မှာ စိုးမိုးကျော်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။


မြန်မာအသင်းဟာ အုပ်စုပွဲစဥ် (၂)ပွဲ ကစားပြီးချိန်မှာ ပွဲစဥ်(၂)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိကာ ရမှတ် (၆)မှတ်ဖြင့် အုပ်စု (က)မှာ ထိပ်ဆုံးနေရာမှာ ဦးဆောင်နေခဲ့ပြီဖြစ်ပါတယ်။ အုပ်စု (က) မှာတော့ အိမ်ရှင် ဗီယက်နမ် ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ အရှေ့တီမော နှင့် အင်ဒိုနီးရှား တို့ပါဝင်တာ ဖြစ်ပါတယ်။
