Chitwan အမျိုးသားဥယျာဉ်ကြီးဟာ နိပေါနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသား ဥယျာဉ်ကြီးဖြစ်ပါတယ်။ သူ့ကို ၁၉၇၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၉၈၄ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့တဲ့ ဥယျာဉ်ကြီးဖြစ်ပါတယ်။ အမျိုးသားဥယျာဉ်ကြီးထဲမှာ ကျားကိုက်မှုကြောင့် သေဆုံးသူဦးရေ မြင့်တတ်လျက်ရှိတယ်လို့ သိရပါတယ်။

Chitwan အမျိုးသား ဥယျာဉ်ကြီးထဲမှာ သားရဲတိရစ္ဆာန်တွေကိုက်လို့ သေဆုံးသူဦးရေ ၂၂ ဦးရှိနေပြီဖြစ်ပြီး ထိုသူထဲကမှ ၁၂ ဦးက ကျားကိုက်လို့ သေဆုံးရတာဖြစ်တယ်လို့ သိရပါတယ်။ ကျားကိုက်လို့ သေဆုံးသူ ၁၂ ဦး ဟာ အချိန် ၁၁ လ အတွင်းမှာပဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ Chitwan အမျိုးသားဥယျာဉ်ကြီးထဲမှာ အမျိုးသားတစ်ဦး ကျားကိုက်ခံနေရတဲ့ ဗီဒီယိုကို အောက်မှာ ဖော်ပြပေးထားပါတယ်။
Chitwan အမျိုးသားဥယျာဉ်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ အရာရှိကတော့ ရွာထဲမှာ ကျားကိုက်ခံရမှု ဖြစ်စဉ် တစ်ခုမှ မရှိသေးဘဲ အများစုက တောထဲမှာ ဖြစ်တာလို့ ပြောထားပါတယ်။ Chitwan အမျိုးသားဥယျာဉ်ကြီးထဲမှာ ၁၁ လအတွင်း ကျားကိုက်ခံရပြီး သေဆုံးတဲ့သူ အရေအတွက်က ၂၂ ဦးအထိရှိနေပြီပဲဖြစ်ပါတယ်။

နိပေါ အမျိုးသား ဥယျာဉ်ကြီးထဲမှာ မွေးမြူထားတဲ့ ကျားတွေက တဖြည်းဖြည်း များပြားလာပြီး ထိန်းသိမ်းရ ခက်ခဲလာတယ်လို့ သိရပါတယ်။ ကြီးမာလှတဲ့ ကျားကြီးတွေကလည်း ဒေသခံပြည်သူတွေကို တိုက်ခိုက်မှုတွေ ရှိလာပြီး တချို့က တစ်စစီ ဝါးစားခံရသလို တချို့ကလည်း အကိုက်ခံရရုံ ခံရပြီး ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။