၁၉၈၆ ခုနှစ်ကွာတားဖိုင်နယ်တုန်းက အာဂျင်တီးနားဂန္တဝင်ဘောလုံးသမားကြီးတစ်ဦးဖြစ်တဲ့ ဒီရေဂိုမာရာဒိုနာဟာ ဘောလုံးသမိုင်းကြောင်းမှာ အငြင်းပွားစရာအဖြစ်ဆုံးသွင်းဂိုးတွေထဲကတစ်ဂိုးကို သွင်းယူခဲ့ပါတယ်။အင်္ဂလန်အသင်းဖက်ကို ခေါင်းတိုက်သလိုနဲ့ လက်နဲ့ဘောလုံးကိုရိုက်ပြီးသွင်းယူခဲ့တာပါ။

အဲ့ဒီပွဲစဉ်မှာအာဂျင်တီးနားအသင်းက ၂ဂိုး-၁ဂိုးနဲ့အနိုင်ရရှိပြီးချိန် အင်္ဂလန်ဘောလုံးကစားသမား ဟော့ခ်ျဟာ မာရာဒိုနာနဲ့ ရှပ်အင်္ကျီချင်းလဲဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီပွဲဟာ မာရာဒိုနာဟာ Hamd of God ဆိုပြီးနာမည်ကြီးခဲ့တဲ့အတွက် အင်္ကျီကိုလည်း Hand of God အင်္ကျီဆိုပြိးခေါ်ဆိုကြပါတယ်။

အခုတော့အဲ့ဒီရှပ်အင်္ကျီဟာ ဒေါ်လာ ၉.၃ သန်းအဖိတန်ကြေးရှိသွားပြီး ဈေးအကြီးဆုံးအားကစားအမှတ်တရပစ္စည်းတစ်ခုဖြစ်သွားပါပြီ။

အဲ့ဒီအင်္ကျီကို Sotheby's ကနေတဆင့်လေလံတင်ခဲ့တာပါ။ဝယ်ယူသွားသူကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။ကြေညာချက်ထဲမှာ အင်္ကျီပိုင်ရှင်ဟော့ခ်ျက အင်္ဂလန်နိုင်ငံ၊မန်ချက်စတာမြို့မှာရှိတဲ့ အမျိုးသားဘောလုံးပြတိုက်မှာ နှစ် ၂၀ လောက်ထိ ဒီအင်္ကျီကြိုသနိုင်ခဲ့တာဟာ ဂုဏ်ယူစရာပါလို့ပြောကြောင်း ဖော်ပြထားပါတယ်။





