နေပြည်တော် -ကံပြားလမ်း မိုင်တိုင် (၃၂) အနီး တောင်ကျချောင်းရေထဲ ခရီးသယ်တင်အမြန်ယာဉ်ကျွံဝင်ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့

//s9.kh1.co/4b/4bc7e045ee2d811ba0b1f43edd57a02d1f11f1f7.jpg
နေ့စဉ်သတင်းများ

 ၀၅-မေ-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

လမ်းလွှဲမှ မောင်းနှင်ခဲ့ရာမှ ချိုင့်ခွက်ထဲ ကျွံဝင်ပြီး............ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယမန်နေ့ မေလ (၄)ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ သရက်ခွချောင်း တောင်ကျချောင်းရေထဲ ခရီးသယ်တင်အမြန်ယာဉ် တစီး မြေကျွံဝင်ပြီး တိမ်းစောင်းသွားတာကြောင့် ပြန်လည် ဆွဲတင်ခဲ့နေရတဲ့အတွက် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယမန်နေ့ မေလ (၄) ရက်နေ့ ညနေ (၃) နာရီခွဲခန့်က ခရီးသယ်တင်အမြန်ယာဉ် ဟာနေပြည်တော်-ကံပြားလမ်း ပေါ်ရှိ သရက်ခွေချောင်း ကို ဖြတ်သန်းရာမှာ တံတားဆောက်လုပ်နေဆဲဖြစ်တာကြောင့် လမ်းလွှဲဖြစ်တဲ့ ချောင်းထဲက ဖြတ်မောင်းစဉ် တောင်ကျရေနဲ့ ချိုင့်ခွက်ထဲကျွံဝင်ပြီး ပြန်လည်ဆွဲတင်ခဲ့ရတာပါ။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်မှုတစုံတရာမရှိခဲ့သော်လည်း ကားများယာယီလမ်းပိတ်ဆို့ဖြစ်ပွားခဲ့ကာ ရာသီဥတုမှာလည်း ပိုမိုဆိုးရွားလာနိုင်တာကြောင့် ခရီးသွားကားတွေ သတိထားစုံစမ်းသွားလာကြဖို့ ကူညီရေးအဖွဲ့က သတိပေးထားပါတယ်။ အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့ မေလ(၄)ရက်နေ့ ညနေ (၃) နာရီကျော်ခန့်ကနေ (၅) နာရီကျော်ခန့်ထိ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T