ရန်ကုန်တိုင်းဒေသကြီး အတွင်း ယခင်က အရှေ့ပိုင်း ခရိုင် ၊ အနောက်ပိုင်း ခရိုင် ၊ တောင်ပိုင်း ခရိုင် နှင့် မြောက်ပိုင်း ခရိုင် ဟူ၍ ခရိုင်ကြီး(၄)ခု ဖွဲ့စည်းထားခဲ့ပေမယ့် ယခုအခါမှာ ခရိုင်ကြီး(၁၄)ခုအဖြစ်ပြောင်းလဲတိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။

ယခင်က ခရိုင်ကြီး (၄) ခုအတွင်း မြို့နယ် (၄၅)မြို့နယ်ပါဝင်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ခရိုင်ကြီး (၁၄) ခရိုင် အတွင်း မြို့နယ်ပေါင်း (၄၅) မြို့နယ် ပါဝင်နေတယ်လို့သိရပါတယ်။

ယခင်က ခရိုင်ကြီး (၄) ခုဖြင့် ဖွဲ့စည်းထားတဲ့ ရန်ကုန်ကိုတော့ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင် ၊ သင်္ဃန်းကျွန်းခရိုင် ၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ သန်လျင်ခရိုင် ၊တွံတေးခရိုင် ၊ ကျောက်တံတားခရိုင်၊ အလုံခရိုင် ၊ မရမ်းကုန်းခရိုင်နှင့် ကမာရွတ်ခရိုင်၊ တို့ဖြင့်ပြောင်းလဲ ဖွဲ့စည်း လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။



