Tale of Nine-Tailed Season 2 မှာပါဝင်လာမဲ့ သရုပ်ဆောင်များ

//s9.kh1.co/23/230b20822ba808ba359be760619609fc386d749e.jpg
ဖျော်ဖြေရေးများ

 ၀၄-မေ-၂၀၂၂ ၈am · လွန်ခဲ့သော ၂ နှစ် က

ပထမဆုံးဇာတ်ညွှန်းကိုပါဖတ်ရှုပြီးပါပြီတဲ့

ဧပြီလ ၂၁ ရက်နေ့က မီဒီယာတွေရဲ့သတင်းထုတ်ပြန်ချက်တွေအရ အဲ့ဒီအချိန်ဝန်းကျင်တုန်းကပဲ Tale of the Nine-Tailed ဇာတ်လမ်းတွဲရဲ့ Season 2 အတွက် ပထမဆုံးဇာတ်ညွှန်းကိုဖတ်ခဲ့ကြတယ်လို့သိရပါတယ်။

Tale of Nine Tailed Season 1 poster
Tale of Nine Tailed Season 1 poster

Season 1 ထဲမှာပါခဲ့တဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Lee dong Wook နဲ့ Kim Bum တို့အပြင် Season မှာပါလာမဲ့ သရုပ်ဆောင်အသစ် Kim So Yeon ကပါအဲ့ဒီဇာတ်ညွှန်းဖတ်တဲ့နေရာမှာရှိနေခဲ့ကြပါတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

https://s9.kh1.co/__image/w=650,h=921,q=100/1a/1a0ab9d8f0581a74defe8aef422a38108909172c.jpeg

Season 1 မှာပါခဲ့တဲ့မင်းသမီး Jo Bo Ah က ဒီ Season မှာပြန်ပါလာတော့မှာမဟုတ်ပါဘူး။Season 2 ရဲ့ဇာတ်အိမ်ဟာ ကိုရီးယားကိုဂျပန်တွေ သိမ်းပိုက်ထားချိန်ဖြစ်တဲ့ ၁၉၃၀ ပြည့်နှစ်တွေမှာ ဇာတ်အိမ်တည်မယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=921,q=100/ed/ed57f3fd1b4af9b4cf66ee475455da92ead6a2e6.jpg

Season 2 ရဲ့အသေးစိတ်တချို့ကတော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Lee Yeon ကကိုရီးယားကျွန်းဆွယ်ပေါ်က မိစ္ဆာတွေကို လိုက်လံနှိမ်နင်းမဲ့ ဇာတ်လမ်းဖြစ်ပါတယ်။Lee Rang ရဲ့ဇာတ်ကောင်အကြောင်းကိုလည်း ပိုမိုထည်ထည်ဝင်ဝင်သိရမှာဖြစ်ပြီး အမျိုးသမီးဇာတ်ဆောင်ကတော့ ထူးခြားဆန်းကြယ်အစောင့်နတ်သမီးတစ်‌ပါးအဖြစ်တွေ့ရမှာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/7e/7e552fb4dfb6b75e8f25b047f65b38f79d89b3a3.jpeg

Season 1 မှာကတည်းက အက်ရှင်၊ဒရမ်မာ၊Plot twist တွေအများအပြားနဲ့ ပရိသတ်တွေအများကြီး ကြည့်ပြီးရင်းကြည့်ချင်နေခဲ့တဲ့ ဇာတ်လမ်းတွဲဟာ Season 2 မှာရောအရင်ကထက်ပိုကောင်းမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T