ချစ်သူကိုတွေ့ချင်လွန်းတဲ့အတွက် Zoom Application ကို စတင်တည်ထောင်ခဲ့သူ အဲရစ်ယွမ်

//s9.kh1.co/33/337d011b1beea786a00929047bb67a3713651260.jpg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

တရုတ်နိုင်ငံသား ဖြစ်တဲ့ အဲရစ်ယွမ် ဟာ ချစ်သူကိုတွေ့ချင်လွန်းတဲ့အတွက်........... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယခုခေတ်အခါ လူအများစု အသုံးပြုနေကြတဲ့ Zoom application ကို ဘယ်သူတီထွင်ခဲ့သလဲဆိုတာ အပြင် ဘာကြောင့်တီထွင်ခဲ့လဲ ဆိုတာရော သိပြီးကြပြီလား? တကယ်တော့ Zoom Application ကို တရုတ်နိုင်ငံသား အဲရစ်ယွမ် က တီထွင်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

တရုတ်နိုင်ငံဖွား အဲရစ်ယွမ် ဟာ တက္ကသိုလ် ပထမနှစ်ကျောင်းသားဘဝမှာ ရည်းစားထားခဲ့ပြီး သူဟာ သူ့ချစ်သူကို တွေ့ရင်ချင် (၁၀) နာရီလောက် ရထားစီးသွားရတဲ့အခါ ဒီထက် ပိုလွယ်မယ့်နည်းလမ်းတွေကို တွေးခဲ့ပါတယ်။ အဲ့တာနဲ့ပဲ ရုပ်မြင်ရတဲ့ တယ်လီဖုန်း ဆော့ဖ်ဝဲရှိရင် ကောင်းမယ်လို့ သူ အကြံရသွားခဲ့တာဖြစ်ပါတယ်။ သူဟာ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ အင်ဂျင်နီယာအယောက် (၄၀) နဲ့ ကုမ္ပဏီတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး သူ့ကုမ္ပဏီနာမည်က Saasbee, Inc. ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

(၁၇)နှစ်အရွယ် အဲရစ်ယွမ် ဘဝတည်းက စိတ်ကူးယဥ်ခဲ့တဲ့ အိမ်မက်ကို (၂၀၁၂) မှာ လူ (၁၅) ယောက် ပါဝင်ဆွေးနွေးနိုင်တဲ့ beta version စထုတ်ရင်း အကောင်အထည်စဖော်လာခဲ့ပါတယ်။ စတင်တည်ထောင်ကြီး နောက်တစ်နှစ်အကြာမှာ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ (၆) သန်း ထပ်ရရှိခဲ့ပြီး (၂၀၁၃) ခုနှစ် ဇန်နဝါရီမှာ တော့ Zoom ကို တရားဝင်စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။ Zoom ကို စတင်နိုင်ချိန်မှာတော့ အဲရစ်ယွမ်က (၄၃)နှစ် ရှိနေပါပြီ။ Zoom ရဲ့ version 1.0 မှာ လူ (၂၅) ယောက်အထိ ပါဝင်ဆွေးနွေးလို့ရနေပြီဖြစ်ပြီး Zoom စတင်တဲ့ ပထမဆုံးလမှာ အသုံးပြုသူ (၄) သိန်းအထိ ရှိခဲ့တယ်လို့ သိရပြီး နောက် (၄) လအကြာမှာတော့ အသုံးပြုသူ (၁) သန်းပြည့်သွားကာ (၄) နှစ်အကြာမှာတော့ အမေရိကန်ဒေါ်လာ (၁) ဘီလျံတန်ကြေးရှိတဲ့ ကုမ္ပဏီစာရင်း ဝင်သွားခဲ့ပါတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T