ဘန်ကောက်က အသက်(၇၂)နှစ်အရွယ်ရှိတဲ့ အဖိုးအို တစ်ဦးဟာ သိပ်ချစ်ရတဲ့ ဇနီးသည် ရဲ့ ရုပ်အလောင်းကို နေအိမ်မှာ (၂၁) နှစ်ကြာ ထိန်းသိမ်းထားခဲ့ပြီး နောက်ဆုံးမှာတော့ လက်လွှတ်ပေးလိုက်ကာ မီးသဂြိုလ် ဖို့ ဆုံးဖြတ်ချက် ချ ခဲ့ပါတယ်။ ထို အဖိုးအို ဟာ ဇနီးအပေါ် အရမ်းကို ချစ်တဲ့အတွက် မီးသဂြိုလ်ပြာချလိုက်ဖို့ အဆင်မပြေတဲ့ အကြောင်းကို လူမှုကွန်ယက် မှာ တင်ခဲ့ပါတယ်။ အဖိုးအိုက ဇနီးဖြစ်သူအား အရမ်းကို ချစ်တဲ့အတွက် ချစ်ခင်မြတ်နိုးရသူနဲ့ မခွဲခွာချင်ခဲ့ဘူးလို့ ရှင်းပြခဲ့ပါတယ်။

အသက် (၇၂) နှစ်အရွယ်ရှိ အဖိုးအို ဟာ Sub-Lt Chan Janwatchakal က (၂၀၀၁) ခုနှစ်မှာ သေဆုံးသွားခဲ့တဲ့ ဇနီးသည်အတွက် သင့်လျော်တဲ့ သဂြိုလ်ပွဲပြုလုပ်ဖို့အတွက် ဖောင်ဒေးရှင်းကို အကူအညီတောင်းခဲ့ပါတယ်။ အဖိုးအိုဟာ သူ သေဆုံးသွားသည်အထိ ဇနီးဖြစ်သူ အလောင်းနဲ့ အတူနေထိုင်ရန် ရည်ရွယ်ထားခဲ့ပေမယ့် သူပါကွယ်လွန်သွားခဲ့ရင် ဇနီးဖြစ်သူအတွက် ဈာပနကို ကျင်းပပေးမယ့်သူ မရှိနိုင်တဲ့အတွက် သူ မကွယ်လွန်ခင်မှာ သေချာလေး လုပ်ပေးသွားချင်တဲ့အတွက် အခုလိုဆုံးဖြတ်လိုက်တယ်လို့လည်း ဆိုပါတယ်။

“ မင်းကို မိနစ်တိုင်းလွမ်းနေသေးပြီး မင်းကို ချစ်တဲ့ ငါ့အချစ်က ဘယ်တော့မှ မပြောင်းလဲခဲ့ဘူးလို့” ဖောင်ဒေးရှင်းဝန်ထမ်းက ရုပ်အလောင်းကို သယ်ဆောင်စဉ်မှာ ခင်ပွန်းသည် အဘိုးအိုက အသက်မဲ့နေတဲ့ ဇနီးသည် ရုပ်အလောင်းအားကြည့်ကာ ပြောကြားခဲ့ပါတယ်။ အဆိုပါ အလောင်းအား ဘယ်လိုသိမ်းဆည်းထားသလဲဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိဘူး လို့သိရပါတယ်။






