လက်ဖဝါးလောက်သာ ရှိတဲ့ကလေးကြောင့် တခြားမိခင်တွေရဲ့ လှောင်ပြောင်ခြင်းကိုခံနေရတဲ့ ၁၈ နှစ်အရွယ် ကောင်မလေး

//s9.kh1.co/38/382999061e30b1f2cd32611ccb23a049ed6f340e.jpg
နေ့စဉ်သတင်းများ

 ၂၅-ပြီ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

မိခင်အချင်းချင်းဖြစ်ပြီး ဒီလိုတော့ မပြောသင့်ပါဘူး......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

25 ပတ်အကြာမှာ 11oz အလေးချိန်ရှိတဲ့ ကလေးမလေးကို အရေးပေါ်ဗိုက်ခွဲမွေးခဲ့တဲ့ ဆယ်ကျော်သက်မိခင်က သူ့ကလေးကို "ကလေးပုံတောင်မပေါက်ဘူး" နဲ့ "သေပြီ" လို့ ပြောခဲ့တဲ့ လူတွေကို ဆဲဆိုကြိမ်းမောင်းခဲ့ပါတယ်။ သေးငယ်လှတဲ့ 325g Hannah Stibbles ကို 2021 ခုနှစ် ဒီဇင်ဘာလ 30 ရက်နေ့တွင် မွေးဖွားခဲ့ပြီး သူမကို မမွေးဖွားမီတွင် ဆရာဝန်များက အသက် 17 နှစ်ရှိ မိခင် Ellie Patton နှင့် 21 နှစ်ရှိ ဖခင် Brandon တို့အား သူတို့ရဲ့ကလေးဟာ "နောက်ထပ် အသက်ရှင်ရန် အခွင့်အလမ်းမရှိတော့ကြောင်း" သတိပေးခဲ့ပါတယ်။ ယူကေမှာ အသက်ရှင်ဖို့ အသေးဆုံးကလေးလို့ ထင်ရတဲ့ Hannah ဟာ အခုဆို တကယ်ကို ကောင်းမွန်နေပြီး “ပျော်စရာကောင်းတဲ့ ခပ်ထွားကျိုင်းခုန်နေတဲ့ ကလေးမလေး” လို့ မိခင် Ellie က ဆိုပါတယ်။

https://s9.kh1.co/__image/w=615,h=821,q=100/8f/8ffedec39d314f26976c1977a5d4e17dfc7fcdcd.jpg
https://s9.kh1.co/__image/w=615,h=820,q=100/78/782415deda926cd69f5cf09bfba233db2a4ec689.jpg

သို့သော် ယခုအခါ အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ Ellie က အွန်လိုင်း Group Chat တစ်ခုက မိခင်သုံးဦးက ကလေးအား စော်ကားမှုနှင့်ပတ်သက်ပြီး တစ်ချိန်လုံးတွေးတောနေရတယ်လို့ Daily Star သို့ပြောပြခဲ့ပါတယ်။ " ကျွန်မကြောက်နေခဲ့တာပါ၊ သူမ လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ ကျွန်မတို့တကယ်ထင်ခဲ့တယ်၊ ပြီးတော့ Hannah အကြောင်း ပြောနေတဲ့ ကြောက်စရာကောင်းတဲ့မိန်းကလေးတွေနဲ့ Group အကြောင်း ငါတို့သိလိုက်ရတယ်၊ ဒါက ကျွန်မတို့ရဲ့စိတ်ဓာတ်ကို တကယ်ကို ကျဆင်းစေခဲ့တယ်" စကော့တလန်၊ East Ayrshire၊ Galston မှ Ellie က သူမဟာ တစ်ပတ်မပြည့်မီတွင် Hannah ရဲ့ စိတ်မကောင်းစရာဖြစ်ရပ်ကို မိခင်သုံးဦးဟာ Group Chat တစ်ခုကို ထောင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/64/64a3346b2b5242b5e53f00d2fadcae37bb6c0a8f.jpg

" Group chat ထဲက ကောင်မလေးတွေက သူမဟာ ကလေးတောင် မဟုတ်ဘူးလို့ ပြောနေကြတယ်၊ သူမပုံစံဟာ အသက်မရှင်ဘဲ သေ‌နေသလိုပဲ၊ စိတ်ညစ်စရာတွေ အများကြီးရှိတယ်" လို့ သူမက Star ကို ပြောပါတယ်။ သူမက “ကျွန်မ တစ်ချိန်လုံး စဉ်းစားနေတယ်၊ ကူကယ်ရာမဲ့ နေမကောင်းတဲ့ ကလေးလေးအကြောင်း သူတို့ ဘယ်လိုများပြောရက်မလဲ တစ်ချိန်လုံး တွေးနေမိပါတယ်။ အထူးသဖြင့် သူတို့အားလုံးဟာ မိခင်တွေချည်းပါပဲ။" Hannah ဟာ မွေးပြီးရင် ချက်ချင်း အသက်ပြန်ရှင်ဖို့ လိုမယ်လို့ Ellie နဲ့ Brandon က ပြောခဲ့ပါတယ်။ ကံကောင်းစွာပဲ ကလေးလေးဟာ မိခင်ရဲ့ လက်ဖဝါးပေါ်ရောက်လာပြီး အသက်ရှင်ခဲ့ပါတယ်။ မိခင်ဖြစ်သူက ကလေးလေးဟာ မယုံနိုင်စရာကောင်းလောက်အောင်သေးငယ်ပြီး အသက်ရှင်တာနဲ့ပဲ သူမအတွက် လုံလောက်ပါပြီလို့ ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=820,q=100/d2/d2fac3a596905d0161a38542d29671e8cd6e5903.jpg

သတင်း အရင်းအမြစ် Daily Star

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T