ဆေးရုံကနေ ပြန်ဆင်းလာတဲ့ အမြွှာသမီးငယ်လေးကို ရင်ခွင်ထဲမှာ တယုတယ ပွေ့ပိုက်ထားတဲ့ ‌ရော်နယ်ဒို

//s9.kh1.co/d0/d0c977d65046e3d2c1b22c39a2d3f5d4b32d251f.jpg
အားကစားသတင်းများ

 ၂၂-ပြီ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.


ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူတို့ရဲ့ အမြွှာသမီးငယ်လေး ဆေးရုံကနေဆင်းလာပြီး နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီလို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။ နေအိမ်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ ရော်နယ်ဒိုက သမီးငယ်လေးကို သူ့ရဲ့ရင်ခွင်ထဲမှာ‌ပွေ့ပိုက်ထားပြီး ဇနီးသည်းနှင့် ကလေးငယ် လေးဦးတို့ဖြင့် မိသားစုစုံလင်စွာ အမှတ်တရ ရိုက်ကူးထားတဲ့ ပုံလေးပါဖော်ပြခဲ့ပါတယ်။ ပို့စ်မှာ Caption  ရေးထားကတော့ 'အခု ဒီလောကထဲကို ကြိုဆိုလိုက်ရတဲ့ ဘဝအတွက် ကျေးဇူးတင်ရမယ့် အချိန်ရောက်ပြီ'ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit – Daily Mail Sport
Photo Credit – Daily Mail Sport

ချစ်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်များ နှင့် ပရိသတ်တွေက ‌ရော်နယ်ဒိုတို့မိသားစုအတွက် လူမှုကွန်ယက်မှာ ဂုဏ်ပြုဆုတောင်းပေးခဲ့ကြပါတယ်။ ရော်နယ်ဒိုဟာ အင်္ဂါနေ့ညက လီဗာပူးကို 4-0 နဲ့ ရှုံးနိမ့်ခဲ့တဲ့လ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လေ့ကျင့်ရေးပြန်ဆင်းပြီးခဲ့ပေမယ့် စိတ်မကောင်းစရာ အဖြစ်ကြောင့် ပွဲစဥ်အတွင်း ဝင်ရောက်ယှဥ်ပြိုင်ကစားဖို့အတွက် နုတ်ထွက်ခဲ့ပါတယ်။

Photo Credit – Daily Mail Sport
Photo Credit – Daily Mail Sport

2021 ခုနှစ် အောက်တိုဘာလက ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားနေစဥ်အတွင်း ရော်နယ်ဒိုဟာ ဇနီးသည်နှင့်အတူ အမြွှာလေးတွေကိုရဖို့ မျှော်လင့်ထားကြောင့် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ သူတို့ဇနီးမောင်နှံရဲ့ အမြွှာထဲမှ သားယောကျာ်းလေးတစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုပြီး ရော်နယ်ဒိုက အဆိုပါ ဆုံးရှုံးမှုကို ဘဝမှာ 'အကြီးကျယ်ဆုံး နာကျင်မှု' ဟုဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit – Daily Mail Sport
Photo Credit – Daily Mail Sport

သတင်း အရင်းအမြစ်Source - Daily Mail Sport


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T