ဖွတ်ကြီးကို အဓမ္မပြုကျင့်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ အိန္ဒိယအမျိုးသားလေးဦး

//s9.kh1.co/36/36556c7f028a1aca05bba46879aed21a7d5ecac2.jpg
နေ့စဉ်သတင်းများ

 ၂၀-ပြီ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဖွတ်ကြီးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်၊ သတ်ဖြတ်၊ ချက်ပြုတ်စားသောက်ခဲ့တဲ့ အမျိုးသားလေးဦးကို ….

အိန္ဒိယနိုင်ငံ၊ Maharashtra ရှိ သစ်တောကြိုးဝိုင်းတစ်ခုမှာ ဖွတ်ကြီးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်၊ သတ်ဖြတ်၊ ချက်ပြုတ်စားသောက်ခဲ့တဲ့ အမျိုးသားလေးဦးကို သစ်တောအရာရှိတွေက ဖမ်းဆီး စုံစမ်း စစ်ဆေးလျက် ရှိပါတယ်။  

Photo Credit : ladbible.com
Photo Credit : ladbible.com
Photo Credit : ladbible.com
Photo Credit : ladbible.com

မီဒီယာတွေရဲ့ ဖော်ပြချက်အရ Maharashtra သစ်တောဌာနရဲ့ CCTV မှတ်တမ်းတွေကနေတစ်ဆင့် လူလေးဦးကို ခြေရာခံမိခဲ့တာ ဖြစ်ပါတယ်။ သစ်တောအရာရှိတွေက ဧပြီလ ၁ ရက်နေ ၅ ရက်အတွင်း တရားခံတွေကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ရဲ့ ဖုန်းတွေထဲမှာ ဖွတ်ကြီးကို အဓမ္မပြုကျင့်နေတဲ့ ဗီဒီယိုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit : ladbible.com
Photo Credit : ladbible.com

အစောပိုင်းမှာတော့ သစ်တောအရာရှိတွေက အဆိုပါလူ (၄) ယောက်ထဲက (၁) ယောက်ကိုပဲ မိခဲ့ပြီး ကျန် (၃) ယောက်က ထွက်ပြေး သွားကြပါတယ်။ ဒါပေမဲ့ အဲ့ဒီ (၃) ယောက်ကို Maharashtra  ရှိ Ratnagiri ခရိုင် Hativ ရွာမှာမိခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit : ladbible.com
Photo Credit : ladbible.com

ဒီဖမ်းဆီးထားသူ (၄) ယောက်ကတော့ Sandeep Tukram, Pawar Mangesh, Janardhan Kamtekar နဲ့ Akshay Sunil တို့ဖြစ်ပါတယ်။ သူတို့ကို လောလောဆယ် the Indian Penal Code, Section 377 နဲ့တရားစွဲထားပါတယ်။ သူတို့က Konkan မှ Kolhapur ရဲ့ Chandoli ရွာကို အမဲလိုက်ဖို့ လာရောက်ခဲ့ကြတာဖြစ်ကြောင်း တာဝန်ရှိသူတွေ ပြောကြားချက်အရ သိရပါတယ်။

Photo Credit : ladbible.com
Photo Credit : ladbible.com
Photo Credit : ladbible.com
Photo Credit : ladbible.com

ဖွတ်ကြီးကို ဘာသဘောနဲ့ဒီလိုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။ ဘင်္ဂလားဖွတ်တွေဟာ ၅ ပေခွဲ လောက်အထိ ရှည်နိုင်ပြီး ၁၉၇၂ တောရိုင်း တိရစ္ဆာန်ကာကွယ်ရေး အက်ဥပဒေနဲ့ ကာကွယ်ပေးထားတာလည်း ဖြစ်ပါတယ်။

Photo Credit : ladbible.com
Photo Credit : ladbible.com

Source : ladbible.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T