Jennifer Coleman နှင့် Janet Blankley တို့ဟာ အသက် 15 နှစ်အရွယ်တွင်အတူတူ ခံစားချက် မှတ်စုလေး ရေးသားခဲ့ကြပြီးနောက် ပုလင်းနဲ့အတူ စာလေးကို ရေထဲမျောခဲ့ပါတယ်။ မျောပြီးနောက် ပုလင်းလေးဟာ Humber Estuary တွင် ဆယ်စုနှစ်ခြောက်စုနီးပါး မျောနေခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာကို ရှာဖွေရန် သူတို့ရဲ့ တစ်ခုတည်းသောစိတ်ထား ကြိုးပမ်းမှုများကို ယခုသီတင်းပတ်တွင် ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ပြီး စာလေးဟာ Scunthorpe တွင် ပစ်ချခဲ့တဲ့ မူလနေရာနှင့် မဝေးလှပါဘူး။ ဒီပုလင်းထဲမှာပါတဲ့ မှတ်စုရဲ့ ရက်စွဲဟာ ၁၉၉၆ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ဖြစ်ပြီး ဒီရက်စွဲအရ ကမ္ဘာ့ဖလားကို အင်္ဂလန်နိုင်ပြီး နောက်နေ့ပဲဖြစ်ပါတယ်။

Janet နှင့် Jennifer တို့ဟာ သူတို့ရဲ့ အသက်အရွယ် ဝန်းကျင်ရှိ ယောက်ျားလေးများအား ပုံဖြင့် သူတို့ထံ ပြန်ရေးရန် ဖိတ်ကြားခဲ့ပါတယ်။ စာထဲမှာဆို "ကျွန်မက အသက် 15 နှစ်၊ ရုပ်ရည်မဆိုးပါဘူး၊ လှိုင်းတွန့်အညိုရောင် သစ်အယ်သီးဆံပင်နဲ့ အရပ်က 5'4 " လို့ Janet က ရေးခဲ့ပါတယ်။ ‘‘ စိတ်ပါဝင်စားသူတိုင်း ဓာတ်ပုံတစ်ပုံကို လူကိုယ်တိုင်တွေ့ပြီး လဲလှယ်ပေးမှာပါ။ စာရေးတဲ့ကောင်လေးဟာ အသက် ၁၆ နှစ်အောက်မဟုတ်ရ သို့မဟုတ် ၁၈ နှစ်အထက် မဟုတ်ရပါ။ " ယခု အသက် 71 နှစ်ရှိ မစ္စ ကိုးလ်မန်းဟာ အလားတူ မက်ဆေ့ချ်ကို ရေးခဲ့ပြီး သူတို့နှစ်ဦးရဲ့ Grantham လိပ်စာများလည်း ပါဝင်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ Tracey Marshall, 59 နှစ်နှင့် Charlotte, 19 တို့ ဒီပုလင်းကိုမတွေ့ခင်ထိ ဘာအဆက်အသွယ်မှ ပြန်မကြားခဲ့ရပါဘူး။


သမီးလေးက ဒီပုလင်းလေးကို အရင်တွေ့ရှိခဲ့တာဖြစ်ပြီး သူတို့လည်း ဆေးကြောသန့်ရှင်ပြီးနောက် ဖွင့်ကြည့်ရာ စာတွေကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့နောက်ဒီကိစ္စကို Social media ပေါ်တင်ခဲ့ပြီး လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ Tracey ဟာ 1973 ခုနှစ်တွင် မိသားစုနှင့်အတူ ဩစတြေးလျသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းတွင် မစ္စကိုးလ်မန်းကို အွန်လိုင်းတွင် တွေ့ရှိခဲ့ပြီး စာပြန်ပို့ရန် စီစဉ်ခဲ့ပါတယ်။ မစ္စကိုးလ်မန်းဟာ တခါမှလက်မထပ်ဖူးသလို ကလေးလည်းမရှိခဲ့ပါဘူးလို့ သူမကိုယ်တိုင် ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး သူမက " ကျွန်မအသက် ၅၀ လောက်တုန်းက ဘာမင်ဂမ်ကအမျိုးသားတစ်ယောက်ကို တွေ့ခဲ့ပြီး ချစ်မိခဲ့ကြပေမယ့် လွန်ခဲ့တဲ့ လေးနှစ်ကပဲ သူဟာ စိတ်မကောင်းစွာ သေဆုံးခဲ့ပါတယ် " လို့ပြောခဲ့ပါတယ်။

မစ္စကိုးလ်မန်းဟာ ယခုချိန်မှာ Janet နဲ့ ပြန်တွေ့ချင်နေပြီဖြစ်ပါတယ်။ Janet ရဲ့မိသားစုကလည်း Grantham တွင်သူမနေထိုင်ဆဲဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အသက် 20 နှစ်အထိ Grantham တွင်နေထိုင်ခဲ့တဲ့ မစ္စကိုးလ်မန်းဟာ 1970 ခုနှစ်များတွင် မူကြိုသူနာပြုအဖြစ် လုပ်ကိုင်ရန် ဆစ်ဒနီမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပေမယ့်လည်း ယခုအခါတွင် သူမရဲ့ ဆယ်ကျော်သက် သူငယ်ချင်းများနဲ့ အဆက်အသွယ် ပြန်ရချင်နေပါတယ်။ 'ငါ Janet ကို နှုတ်ဆက်ပြီး ငါတို့သွားခဲ့တဲ့လမ်းကို ကြည့်ချင်တယ်' လို့ သူမက ဆိုခဲ့ပါတယ်။ သင်လည်း ငယ်ငယ်တုန်းက အခင်ဆုံး သူငယ်ချင်းတွေနဲ့ အတူတူလုပ်ခဲ့ဖူးတဲ့ အရာတွေကို ဒီအချိန်မှာ ပြန်တွေးမိဖူးပါသလား။

သတင်း အရင်းအမြစ်៖ Metro