ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ မနေ့က ပစ်ခတ်မှု အချို့ဖြစ်ခဲ့တဲ့အတွက် ပိတ်မိနေခဲ့တဲ့ ဆီဘောက်ဆာကားတွေဟာ ဒီနေ့ ဧပြီ (၁၉)ရက်မှာ ရန်ကုန်မြို့ထဲသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ယမန်နေ့က သန်လျင်မြို့ထဲမှာ ဆီဘောက်ဆာကားတွေ ပိတ်မိခဲ့ပြီး ဒီနေ့ ရန်ကုန်မြို့ထဲက စက်သုံးဆီဆိုင်အတော်များများမှာ ဆီပြတ်လပ်ကာ လိုသလောက် ဝယ်ယူမရဘဲ အချိုးကျစနစ်နဲ့သာ ဝယ်ယူခွင့်ရနေတာဖြစ်ပြီး တန်းစီနေကြတာဖြစ်ပါတယ်။

အခုလို ဆီဘောက်ဆာကားတွေ ရန်ကုန်မြို့ထဲ ပြန်လည်ဝင်ရောက်လာတာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ဆီ အကန့်အသတ်နဲ့ ဝယ်ယူနေရတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ပြည်သူတွေက မျှော်လင့်နေကြပြီး နောက်ရက်ပိုင်းတွေမှာ ဆီပြဿနာ နဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။






