မြန်မာ သင်္ကြန်ပိတ်ရက်တွင် ခရီးရက်ရှည်သွားမှုများကြောင့် မနက် အာရုဏ်တတ်ခါစကတည်းက ယာဉ်ကြောများပိတ်ဆို့နေလျက်ရှိပါတယ်။ ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး တိုးဂိတ်အဝင် ဇီးရိုး မိုင် နားတွင်လည်းယာဉ်ကြောများ ပိတ်ဆို့နေလျက် ရှိပါတယ်။


သင်္ကြန် ရက်ရှည် ပိတ်ရက်များတွင် နယ်ပြန်သူများ ခရီးရက်ရှည်သွားသူများကြောင့် တိုးဂိတ်မှာ ယာဉ်ကြောပိတ်ဆို့တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်ကြီး တစ်ခုပဲဖြစ်ပါတယ်။



တိုးဂိတိအနီး ယာဉ်ကြောပိတ်ဆို့မှုတွေက ယမန်နေ့ ဧပြီလ ၈ ရက်နေ့မှာလည်း ဖြစ်ပွါးခဲ့ပြီး ဒီကနေ ဧပြီလ ၉ ရက်နေ့မှာလည်း ဆက်လက် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ တိုးဂိတ်အနီး ယာဉ်ကြောပိတ်ဆို့မှု ပုံရိပ်များကို ဝေမျှပေးလိုက်ရပါတယ်။