My Possessive Step-Bro စာအုပ်ကြောင့် ထုတ်ဝေခွင့်ရုတ်သိမ်းခံခဲ့ရတဲ့ ရွှေလာဘ်စာပေတိုက်

//s9.kh1.co/4b/4b6e5043264a8011f1fcb0923f0c03a732119501.jpg
နေ့စဉ်သတင်းများ

 ၀၇-ပြီ-၂၀၂၂ ၈pm · လွန်ခဲ့သော ၄ နှစ် က

လုပ်ငန်းလိုင်စင်အား ဧပြီ(၅)ရက်နေ့မှစပြီး ရုတ်သိမ်း........ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ညစ်ညမ်းစာများ ပါဝင်ရေးသားထားတဲ့ ‘My Possessive Step-Bro’ စာအုပ်ကို ထုတ်ဝေခွင့် ပေးခဲ့တဲ့အတွက် ရွှေလာဘ်စာပေတိုက် အား ထုတ်ဝေခွင့်ရုပ်သိမ်းခဲ့ ကြောင်း သိရပါတယ်။ စာပေတိုက်ရဲ့ လုပ်ငန်းလိုင်စင်ကို ဧပြီ (၅) ရက်နေ့မှ စပြီး ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒါ့အပြင် ၎င်း စာပေတိုက်အနေနဲ့ မီဒီယာအမျိုးအစား ကိုသော်လည်းကောင်း၊ နည်းပညာတစ်ရပ်ရပ် ဖြင့်သော်လည်းကောင်း ၊ မည်သည့်အရာကိုမှ အသုံးပြု၍ဖြစ်စေ ရေးသားထုတ်ဝေ ဆောင်ရွက်ခြင်းမပြုဖို့ အသိပေးကြေညာလိုက်ပါတယ်။ အမျိုးသားချင်း အဓမ္မပြုကျင့်ပြီးနောက် ချစ်ကြိုက်သွားတဲ့အကြောင်း ရေးသားထားတယ်ဆိုတဲ့ ‘My Possessive Step-Bro’  စာအုပ်နဲ့ပတ်သက်ပြီး  အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက် နောက်တစ်နေ့မှာပဲ ထုတ်ဝေခွင့်ကို ရုတ်သိမ်းလိုက်တာဖြစ်ပါတယ် ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

လက်ရှိမှာလည်း စာအုပ်တိုက်ပိုင်ရှင် နဲ့ ထိုစာအုပ် ရေးသားသူ တို့ကို ထိန်းသိမ်းခံထားရတာဖြစ်ပြီး ဘယ်လိုပုဒ်မနဲ့ဥပဒေချမှတ်သွားမလဲဆိုတာကို ပရိတ်သတ်တွေကစိတ်ဝင်စားနေကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T