သြစတေးလျ အသင်းကို ဂိုးပြတ်အနိုင်ယူပြီးနောက် အဝတ်လဲခန်းမှာ အောင်ပွဲခံ ကခဲ့ကြတဲ့ မြန်မာဖူဆယ်အသင်းရဲ့ ဗီဒီယို

//s9.kh1.co/26/2655419814843dbbb2468bf89024a7dcd62b47fc.jpg
အားကစားသတင်းများ

 ၀၆-ပြီ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံက လက်ခံကျင်းပနေတဲ့ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ဧပြီလ ၅ ရက် နံနက်ပိုင်းက အုပ်စုပွဲစဉ် အဖြစ် သြစတေးလျ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ မြန်မာအသင်းက (၆ - ၁)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit - FFM Sports
Photo Credit - FFM Sports
Photo Credit - FFM Sports
Photo Credit - FFM Sports

ကမ္ဘာ့ဖလားတက်ရောက်ခဲ့တဲ့ ဗီယက်နမ်အသင်းနှင့်ယှဥ်ပြိုင်ခဲ့တဲ့ ပထမဆုံးပွဲစဥ်မှာလည်း မြန်မာအသင်းက (၁ - ၁) ဂိုးဖြင့် သရေရလဒ်ဖြင့် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ပွဲစဥ်နှစ်ပွဲကစားပြီးမှာတော့ မြန်မာအသင်းဟာ တစ်ပွဲနိုင်တစ်ပွဲ သရေ ရမှတ် ၄ မှတ်ဖြင့် အုပ်စု ပထမ နေရာမှာ ရပ်တည်နေပြီး အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ် ဒီကနေ့ ဧပြီလ ၆ ရက်နေ့မှာ အရှေ့တီမော အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Photo Credit - FFM Sports
Photo Credit - FFM Sports

သြစတေးလျ အသင်းကို ဂိုးပြတ်အနိုင်ရယူနိုင်ခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပျော်ရွှင်စရာ Tik tok ရုပ်သံဖိုင်လေးတစ်ခုကို FFM Sports က ဖော်ပြလာတာတွေ့ရပါတယ်။ အဆိုပါ tik tok ရုပ်သံမှာတော့ အဝတ်လဲခန်းအတွင်း အသင်းနည်းပြနှင့်အတူ မြန်မာကစားသမားများက ပျော်ရွှင်စွာ အောင်ပွဲခံပြီး ဆော့ကစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ tik tok ရုပ်သံကို မြန်မာ့အားကစားဝါသနာရှင်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ် Source - FFM Sports

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T