ကားပေါ်မှာခရီးသည်တွေအတွက် လိုလေသေးမရှိ ဖြည့်ဆည်းပေးထားတဲ့ တက္ကစီ ကားသမား ဦးလေးကြီး

//s9.kh1.co/5a/5a959fa59c5cc6a27ca7b80d48cfb519d6f0b2b7.jpg
နေ့စဉ်သတင်းများ

 ၀၄-ပြီ-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

ကားပေါ်မှာခရီးသည်တွေအတွက် လိုလေသေးမရှိ ဖြည့်ဆည်းပေးထားတဲ့ တက္ကစီ ကားသမား ဦးလေးကြီး

အခုနောက်ပိုင်းမှာ ဆီဈေးတွေ အရမ်းတတ်လာတာကြောင့် တက္ကစီကားသမားဦးလေးကြီးတွေ အနေနဲ့လည်း ကားခဈေးပိုပြီးလာတာတွေ ၊ ခရီးဝေးသွားရတာ မကိုက်တော့တာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကားသမားဦးလေးကြီးတစ်ယောက်ကတော့ ခရီးသည်တွေကို တက္ကစီ တစ်စီးဆိုတာထက်ပိုတဲ့ ဝန်ဆောင်မှုလေးတွေ ပေးထားတာကိုတွေ့ရပါတယ်။

Photo Credit to Original Uploader<br>
Photo Credit to Original Uploader

Photo Credit to Original Uploader
Photo Credit to Original Uploader

ဒီ ကားသမားဦးလေးကြီးရဲ့ တက္ကစီကားလေးထဲမှာ ခေါင်းစီးကြိုးလေးတွေ ၊ မုန့်ထုတ်လေးတွေ ၊ တစ်ရှူးထုပ်လေးတွေ ၊ မှန်လေးတွေ ၊ ဘောပင်လေးတွေ နဲ့ အခြား လိုအပ်တဲ့ အသုံးအဆောင်လေးတွေ အများကြီးကို ကားခုံလေးနောက်မှာ ချိတ်ဆွဲထားတာတွေ့ရပါတယ် ။


Photo Credit to Original Uploader
Photo Credit to Original Uploader

ကားခုံနောက်မှာ ချိတ်ထားတဲ့ ပစ္စည်းတွေ အားလုံးကို တမလွန်ဘဝအတွက် ပါသွားချင်တာကြောင့် အခုလို အလှူလေး ပြုလုပ်ထားတာလို့ သိရပါတယ်။


Photo Credit to Original Uploader
Photo Credit to Original Uploader

Photo Credit to Original Uploader
Photo Credit to Original Uploader

Photo Credit to Original Uploader
Photo Credit to Original Uploader

ပစ္စည်းများအားလုံးကို လိုအပ်ပါက ယူသွားနိုင်တယ်လို့လည်း ကားသမား ဦးလေးကြီးက ဆိုပါတယ်။ စေတန်မေတ္တာကောင်းလွန်းလှတဲ့ တက္ကစီကားသမား ဦးလေးကြီးရဲ့ နေ့စဉ် အလှူလေးကို အားလုံးပဲ ကြည်နူး သာဓု ခေါ်ဆိုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T