COVID 19 အိုမီခရွန် မျိုးကွဲ XE ဗိုင်းရပ်စ် ကူးစက်ခံထားတဲ့လူနာ ထိုင်းနိုင်ငံမှာ တွေရှိ

//s9.kh1.co/c4/c46874451553dff2516ffc0288bbc61e9f328234.jpg
နေ့စဉ်သတင်းများ

 ၀၄-ပြီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

COVID ဗိုင်းရပ်စ် အသစ်တွေမှာ ကူးစက်မှုအမြန်ဆုံး မျိုးကွဲဖြစ်နိုင်တယ်လို့....

COVID 19 အိုမီခရွန်ရဲ့ ဗီဇမျိုးကွဲနှစ်ခုပေါင်းစပ်ထားတဲ့ အိုမီခရွန် XE ဗိုင်းရပ်စ်ကို ထိုင်းနိုင်ငံတွင် တွေ့ရှိထားပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ (၂)ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ အိုမီခရွန် XE ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး WHO က သတိပေးချက်ထုတ်အပြီး မကြာခင်မှာပဲ ထိုင်းမှာ ယင်းဗိုင်းရပ်စ် ကူးစက်ထားသူ စတွေ့ခဲ့တာဖြစ်ပါတယ်။

Photo Credit : bangkokpost
Photo Credit : bangkokpost

အိုမီခရွန်ရဲ့ မျိုးကွဲဖြစ်တဲ့ BA.1 နဲ့ BA.2 တို့ ပေါင်းသွားတဲ့ XE မျိုးကွဲပိုးကို Ramathibodi ဆေးရုံက စစ်ဆေးတွေ့ရှိထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံသား လူနာတစ်ဦးဆီက ယူထားတဲ့ အာခေါင်၊ နှာခေါင်းတို့ဖတ် နမူနာကို မျိုးဗီဇစိစစ်ခဲ့ရာမှ XE ဗိုင်းရပ်စ် တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆေးစစ်စင်တာက သူတို့ရဲ့ လူမှုကွန်ယက်ထက်ကနေတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit : bangkokpost
Photo Credit : bangkokpost

ထိုင်းနိုင်ငံမှာ ပထမဆုံးတွေ့ရတဲ့ အဆိုပါလူနာမှာ ရောဂါလက္ခဏာပြင်းထန်ခြင်းမရှိဘဲ ပြန်လည်ကျန်းမာနေပြီ ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ COVID 19 မျိုးကွဲပိုးက မူလဗိုင်းရပ်စ်ထက် ၄၃ ရာခိုင်နှုန်း ပိုမြန်မြန်ကူးစက်နိုင်ပြီး BA.2 မျိုးကွဲထက် ကူးစက်မှု ၁၀ ရာခိုင်နှုန်းပိုမြန်သည်ကို တွေ့ရှိထားသော်လည်း ရောဂါပြင်းထန်မှုအခြေအနေကို လေ့လာဆဲဖြစ်ကြောင်း WHO က သတင်းထုတ်ပြန်ထားပါတယ်။

Photo Credit : bangkokpost
Photo Credit : bangkokpost

အိုမီခရွန် XE ကို ဗြိတိန်နိုင်ငံမှာ ယခုနှစ် ဇန်နဝါရီ ၁၉ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ယခုအခါ ယင်းပိုးတွေ့လူနာ ၆၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။

Photo Credit : bangkokpost
Photo Credit : bangkokpost
Photo Credit : alamy
Photo Credit : alamy

Source : bangkokpost

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T