အသက် ၁၉ နှစ်အရွယ်ရှိသူအမျိုးသားတစ်ယောက်ဟာ တရားမဝင် Cyberstalking လုပ်မူကြောင့် အဖမ်းခံခဲ့ရပါတယ်။သူလုပ်ခဲ့တာကတော့ ရည်းစားဟောင်းကို တိတ်တဆိတ်ခြေရာခံခဲ့တာပါ။ရည်းစားဟောင်းဖြစ်သူ ကောင်မလေးရဲ့ကားပေါ်မှာ သူ့ရဲ့ Apple နာရီကိုသူမမသိအောင်တပ်ထားပြီး ဘယ်သွားတယ်၊ဘာလုပ်တယ်ဆိုတာကို တိတ်တဆိတ်ခြေရာခံနေခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းမိသာစုလုံခြုံရေးစင်တာက လုံခြုံရေးအရာရှိတစ်ယောက်ဟာ ကျူးလွန်ခံရသူအမျိုးသမီးကို အဆိုပါအမျိုးသားကနောက်ယောင်ခံနေကြောင်း သတင်းပို့ပြီးချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေကသူတိတ်တဆိတ်ခြေရာခံနေတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။အမျိုးသမီးဟာ အဲ့ဒီစင်တာမှာအကာအကွယ်တောင်းယူဖို့ရောက်ရှိနေတာပါ။ကျူးလွန်သူဟာ သူမကိုအရင်ကလည်း နှစ်ကြိမ်လောက်သတ်ဖို့ကြိုးစားခဲ့တဲ့အပြင် ပြီးခဲ့တဲ့နှစ်ကလည်း အိမ်တွင်းအကြမ်းဖက်မှုပြုလုပ်ဖူးတယ်လို့မှတ်တမ်းရှိထားသူပါ။

သူတို့စုံတွဲဟာအရင်တုန်းက တစ်ယောက်နေရာကိုတစ်ယောက်သိစေဖို့ Life 360 ဆိုတဲ့မိုဘိုင်း Application တစ်ခုကိုအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့မိသားစုစင်တာကိုမလာခင်မှာ အမျိုးသမီးဟာအဆိုပါ App ကိုပိတ်ထားခဲ့ပါတယ်။အဲ့လိုပိတ်ထားခဲ့လို့ အမျိုးသားဟာသူမကို ကြမ်းကြမ်းရမ်းရမ်းခြိမ်းခြောက်စာတွေ အများကြီးပေးပို့ခဲ့ပြီး သူမတည်နေရာကိုလည်းသိနေခဲ့ပါတယ်တဲ့။

ရဲတွေဟာအခင်းဖြစ်နေရာကိုချက်ချင်းရောက်ရှိလာပြီး အမျိုးသမီးရဲ့ကားဘေးမှာထိုင်နေတဲ့ ကျူးလွန်သူကိုတွေ့ရှိခဲ့ကြပါတယ်။ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သူဟာကားရှေ့ခန်းခရီးသည်ထိုင်ခုံဘေးက ကားဘီးဝင်ရိုးပေါ်မှာ သူ့ရဲ့ Apple နာရီကိုတွဲချည်ထားပြီး သူမကိုခြေရာခံနေတာဖြစ်တယ်လို့သိရပါတယ်။ရဲတွေကစစ်မေးချိန်မှာ နာရီဟာသူ့အပိုင်ဖြစ်ကြောင်းဝန်ခံခဲ့ပြီး လက်ရှိမှာတော့ တခြားသူတစ်ယောက်ရဲ့ကားပေါ်မှာသူ့ရဲ့သဘောဆန္ဒမပါပဲ လျှပ်စစ်ပစ္စည်းတစ်ခုကိုခိုးတပ်ထားခဲ့တယ်ဆိုတဲ့ပြစ်ချက်နဲ့ တရားစွဲဆိုခံထားရပါတယ်။





