ဖေ့စ်ဘွတ်၊ တွစ်တာလို ဆိုရှယ်မီဒီယာအသစ်တစ်ခု တီထွင်ဖို့ ကြံစည်နေတဲ့ သူဌေးကြီး Elon Musk

//s9.kh1.co/30/3049921e5e5413d8492701e60daace78ad9ce68b.jpg
နေ့စဉ်သတင်းများ

 ၂၈-မတ်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

Virtual Universe တွေက အနာဂတ်ကို တကယ်ပဲ ကြီးစိုးတော့မှာလား?

ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်သူဌေးကြီး Elon Musk ဟာ သူ့ တွစ်တာမှာ ပို့စ်တစ်ခု ရေးသားခဲ့ပါတယ်။ အဲဒါကတော့ ဖေ့စ်ဘွတ်တို့၊ တွစ်တာတို့လိုမျိုး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခု တီထွင်ဖို့ စဥ်းစားနေတယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=401,q=100/d5/d53c322e254b0cbe7fee03ed6805fcbabad3dacd.jpg

အကြောင်းရင်းကတော့ တွစ်တာမှာ လွတ်လပ်စွာ စကားပြောခွင့်မရလို့ပါတဲ့။ ဒါက ဒီမိုကရေစီရှုထောင့်က ကြည့်ကြည့် လူ့အခွင့်အရေးရှုထောင့်ကကြည့်ကြည့် မဖြစ်သင့်ဘူးဆိုပြီး ​ရေးသားခဲ့ပါသေးတယ်။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲဆိုပြီး Elon က မေးခွန်းထုတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/fb/fbe5a3fd0ede583b47a17d3cb6fde64131c6fb0c.jpg

ပြီးတော့ တခြား အသုံးပြုစရာ၊ စကားပြောစရာ ပလက်ဖောင်းအသစ် လိုနေပြီလားဆိုပြီး သူ့ရဲ့ followers တွေကို မေးခဲ့ပါတယ်။ အဓိကကတော့ Elon Musk က သူ့ကုမ္ပဏီဖြစ်တဲ့ Tesla ရဲ့ တခြား အကြီးအကဲတွေနဲ့ မတိုင်ပင်ဘဲ လုပ်ငန်းကိစ္စတွေကို တွစ်တာမှာ ချပြခွင့် မရှိတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=300,q=100/34/34288e80e97c681e90dd6c53fa1cc3220f286ea0.jpg

ဒါကြောင့်လည်း သူက မလွတ်လပ်ဘူးလို့ ပြောနေတာပါ။ ခုလို အသစ်တီထွင်မယ့် အကြံကို အားပေး ထောက်ခံသူကြီးကတော့ သမ္မတဟောင်း ဒေါ်နယ်ထရန့်ပါ။ သူကိုယ်တိုင်ကလည်း တွစ်တာကနေ အဘန်းခံထားရသူ ဖြစ်လို့ လွတ်လပ်စွာ ပြောဆိုဖော်ထုတ်ခွင့်ကို တစ်ပြောတည်း ပြောနေသူ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=495,h=280,q=100/f4/f438c960f992506a7a2dbe8e8d1065a8f84ed1dc.png

အခုလိုသာ နည်းပညာ ကျွမ်းကျင်သူတွေ၊ လူထုအပေါ် လွှမ်းမိုးမှု ရှိသူတွေက ကိုယ့်ဘာသာ ဆိုရှယ်ပလက်ဖောင်း အသီးသီး လုပ်ကြရင် အနာဂတ်မှာ တကယ်ပဲ Virtual Universe ကြီး ပေါ်လာနိုင်တယ်ဆိုပြီး ဒေါ်နယ်ထရန့်က ပြောခဲ့ပါသေးတယ်။ 

https://s9.kh1.co/__image/w=650,h=401,q=100/42/42e21e2d651279dda78b8dfa1e0fba1016f2dac2.jpg

Ref : https://edition.cnn.com/2022/03/27/business/elon-musk-social-media/index.html

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T