မကြာခင် ထွက်ပေါ်လာတော့မယ့် အမျိုးသားတွေအတွက် ကိုယ်ဝန် သန္ဓေတားဆေး

//s9.kh1.co/3c/3c7df51a5687debb048192ad518a4c8770106a32.jpeg
နေ့စဉ်သတင်းများ

 ၂၈-မတ်-၂၀၂၂ ၁၂am · လွန်ခဲ့သော ၄ နှစ် က

ကိုယ်ဝန်ရရှိနိုင်ချေကို ၉၉ % လျှော့ချပေးနိုင်သလို

လူတော်တော်များများက ကိုယ်ဝန်မရအောင် သန္ဓေတားဆေး သုံးတဲ့အခါမျိုးမှာ အမျိုးသမီးတွေကသာ အဓိကလုပ်ဆောင်ရတယ်လို့ သိထားကြပါတယ်။ ဒါပေမယ့်  အမျိုးသားတွေအသုံးပြုနိုင်မယ့် သန္ဓေတားဆေးဖော်ထုတ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်း မျှော်လင့်ခဲ့ကြတာဖြစ်ပြီး အခုအခါမှာတော့ လက်တွေ့ထုတ်လုပ်နိုင်ဖို့ နီးစပ်နေပြီပဲဖြစ်ပါတယ်။ 

Photo Credit: Google 
Photo Credit: Google 

YCT529 လို့ခေါ်တဲ့ အဆိုပါတားဆေးက ဟော်မုန်းမပါဝင်တဲ့ဆေးဖြစ်ပြီး ကိုယ်ဝန်ရရှိနိုင်ချေကို ၉၉ % လျှော့ချပေးနိုင်သလို အမျိုးသမီးသန္ဓေတားဆေးတွေလိုဘဲ ထိရောက်မှုရှိနေမှာပဲ ဖြစ်ပါတယ်။

Photo Credit: Google 
Photo Credit: Google 

ဒီဆေးကို ကြွက်တွေနဲ့စမ်းသပ်ခဲ့ရာမှာ ထင်ရှားတဲ့ဘေးထွက် ဆိုးကျိုးမတွေ့ခဲ့ရပါဘူး။ ဆေးတိုက်ထားတဲ့ ကြွက်အထီးတွေရဲ့ ကိုယ်အလေးချိန်၊ လိင်ဆက်ဆံချင်စိတ်နဲ့ တခြား လှုပ်ရှားမှုတွေကို လေ့လာခဲ့ရာမှာ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ဒီဆေးကို ရပ်လိုက်ပြီး တစ်လ၊ တစ်လခွဲအကြာမှာ ပုံမှန်အတိုင်း သုတ်ပိုးထုတ်လုပ်နှုန်းရရှိလာပြီးကြွက်အမတွေမှာ ကိုယ်ဝန်ပြန်လည် ရရှိလာကြပါတယ်။

Photo Credit: Google 
Photo Credit: Google 

လူသားတွေအပေါ် စမ်းသပ်မှုကိုတော့ (၂၀၂ ၂) နှစ်ကုန် ပိုင်းလောက်မှာ စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ 

Photo Credit: Google 
Photo Credit: Google 

အမျိုးသားတွေအတွက် ကိုယ်ဝန်တား သောက်ဆေး ကလည်း ယခင်ဆေးတွေလိုဘဲ ဝိတ်တက်စေခြင်း၊စိတ်အခြေအနေ အပြောင်းအလဲဖြစ်ခြင်း၊ ကျားဟော်မုန်းထုတ်လှုပ်နှုန်းကို ထိခိုက်မှု ရှိခြင်း တို့ကိုတော့ ဖြစ်စေနိုင်ပါတယ်။ 

Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 
Photo Credit: Google 

Source : ဘန်ကောက်လမ်းညွှန် က်ိုစိုင်း

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T