မေလ ၉ ရက်နေ့မှာ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲမယ်လို့ သတင်းလွှင့်ထားတဲ့ ရုရှား

//s9.kh1.co/f9/f9835fc66be9670c0dcb0d5c01f9080bcf2808f1.jpg
နေ့စဉ်သတင်းများ

 ၂၆-မတ်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

မေလ ၉ ရက်နေ့ဟာ ရုရှားနိုင်ငံအတွက် အရေးပါတဲ့ သမိုင်းဝင် နေ့တစ်နေ့ပါ။ ၁၉၆၇ ခုနှစ် ၊ ဒုတိယကမ္ဘာစစ်တုန်းက နာဇီဂျာမနီကို အနိုင်ရရှိခဲ့တဲ့ အောင်ပွဲနေ့ (Victory Day) ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/8e/8ea835e30645217a7dd7c15e9ca7b1af2bb0353c.jpg

အခု ၂၀၂၂ မေ ၉ မှာလည်း အတိတ်ကအောင်ပွဲကို ဆက်လက်ခံဖို့ ယူကရိန်းကို အဆုံးသတ် တိုက်ပွဲဆင်တော့မယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/82/829b311145523c8c438783e9f50b675a6e3155be.jpg

ဒီသတင်းကို ယူကရိန်းထောက်လှမ်းရေးတွေက ရုရှားစစ်သားတွေဆီက ရခဲ့တာပါ။ ယူကရိန်း တိုက်ခိုက်ရေးအဖွဲ့ရဲ့ အကြီးအကဲက မနေ့က တွစ်တာမှာ ဒီအကြောင်း ပို့စ်တင်ပြီး ရေးသားခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/f4/f4bcb7991afe743723c75080f4d4af2457da5c00.jpg

တစ်လနီးပါး ရှိလာပြီဖြစ်တဲ့ ယူကရိန်းခံစစ်ဟာ ခုထိ တောင့်ခံထားနိုင်ဆဲပါ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အနောက်နိုင်ငံများ မဟာမိတ်အဖွဲ့တို့ တွေ့ဆုံပြီး ယူကရိန်းပြည်သူတွေအတွက် အထောက်အပံ့တွေ ပိုပေးဖို့နဲ့ ရုရှားကို စီးပွားရေး ပိတ်ဆို့မှုတွေ ပိုလုပ်ဖို့ ဆွေးနွေးနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=400,q=100/2b/2bdaa086c6de89d439a0f0d5d9bc92575abf1c2e.jpg

ဒါပေမဲ့ ယူကရိန်း သမ္မတ ဇယ်လင်စကီးက ဒီပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ စိတ်ကူး လုံးဝ မရှိပါဘူး။ လက်နက်ကိုင်ခြင်းကသာ အဖြေဖြစ်လို့ လက်နက်ထောက်ပံ့ဖို့ အနောက်နိုင်ငံတွေကို မေတ္တာရပ်ခံထားပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/f3/f35172cf45a064e2bc68b5d24594c2f6f3af72e8.jpg

တကယ်သာ မေ ၉ ကို အဆုံးသတ် ပြင်ဆင်ထားရင်တော့ ဧပြီဟာ တိုက်ပွဲပြင်းထန်လာဦးမှာပါ။

Ref : https://www.livemint.com/news/world/victory-day-ukrainian-army-claims-russia-wants-to-end-war-by-9-may-says-reports/amp-11648223971933.html#amp_tf=From%20%251%24s&aoh=16482689156569&referrer=https%3A%2F%2Fwww.google.com

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T