ယခုလက်ရှိ မြန်မာနိုင်ငံအနှံ့မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပြီး ရန်ကုန် ၊မန္တလေးနဲ့ နေပြည်တော် မြို့တွေက လွဲပြီး အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုက ၂၀၂၁ အောက်တိုဘာလ ထဲက စတင် ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက စတင်တင်ပြီးတာ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပါ လျှပ်စစ် မီးပြတ်တောက်မှုတွေ၊ အချိန်ကြာမြင့်စွာ မီးပြတ်ခြင်းတွေ ဖြစ်လာခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်တော်တော်များများမှာလည်း မီးပျက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လုပ်ငန်းတွေ ထိခိုက်နေသလို တပိုင်တနိုင်စီးပွားရေးလုပ်ငန်းရှင်တွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ရဲ့ မြောက်ဒဂုံနဲ့ အရှေ့ ဒဂုံမြို့နယ်တွေမှာ လျှပ်စစ်မီးပျက်တောက်မှုကြောင့် ရေ အပြင် Wifi တွေပါ ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ရေပြတ်တောက်နေတဲ့ မြောက်ဒဂုံမြို့နယ် မဟာမြိုင်အိမ်ယာက ပြည်သူတွေအတွက် ရှင်သန်ရေးကူညီမှုရေးအသင်းက မတ်လ ၉ ရက်နေ့က ရေလာရောက်လှူဒါန်းပေးခဲ့ပါတယ်။


တစ်ချို့ ရေလှူဒါန်းတာကို မရလိုက်တဲ့ အိမ်ထောင်စုတွေက ရေကို ဝယ်သုံးကြရပါတယ်။ ရေကားက တစ်စီး ၂၅၀၀၀ နဲ့ ရေစည်လှည်းဝယ်ရင် တစ်စည်ကို ၂၅၀၀ ကနေ ၅၀၀၀ ထိ တောင်းကြတယ်လို့ သိရပါတယ်။


Source : North Dagon & East Dagon Information