အသက် ၁၈ နှစ်အရွယ်သားကို ဒေါသတကြီးဖြင့် နွားေခွ့ခံရခြင်းမှ ကယ်တင်နိုင်ခဲ့တဲ့ သူရဲကောင်း ဖခင်တစ်ဦးဟာ ချီးကျူးခြင်းခံခဲ့ရပါတယ်။ Cody Hooks ဟာ Texas ရှိ ရိုဒီယိုတစ်ခုတွင် ကွင်းထဲသို့ဝင်ရောက်ပြီးနောက် မကြာမီတွင် နွားနောက်ကျောပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အွန်လိုင်းတွင် ပထမဆုံးမျှဝေခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ မကြာသေးမီက ပျံ့နှံ့သွားခဲ့ပြီး နွားပေါ်မှ ပစ်ချခံရပြီးနောက် မြေပြင်ပေါ်တွင် သတိလစ်မေ့မြောနေတဲ့ အသက် 18 နှစ်အရွယ် အမျိုးသားတစ်ဦး လဲလျောင်းနေတာကို တွေ့ရပါတယ်။ ဒေါသတကြီး နွားတစ်ကောင်ကို အနိုင်ယူဖို့ ကြိုးဝိုင်းထဲက လက်ကိုင်သမားတွေက ကြိုးစားရင်း နွားဟာ သတိလစ်နေတဲ့ ဆယ်ကျော်သက်ဆီကို ဦးတည်လာခဲ့ပါတယ်။


Cody အတွက် ကံကောင်းထောက်မစွာပဲ သူ့အဖေက သူ့ကို ကယ်တင်ဖို့ ရှိနေခဲ့ပါတယ်။ Landis Hooks ဟာ အသက် ၄၀ အရွယ်ရှိပြီဖြစ်ပြီးသူဟာ သူ့သားကိုသေသေချာချာဖက်ထားပြီး အပေါ်ကနေ ကာပေးထားကာ နွားကလည်း ခေါင်းနဲ့ေခွ့လိုက်ပါတယ်။ Houston Chronicle ရဲ့အဆိုအရ Landis ဟာ နွားရဲ့ ဒေါသကို အနိုင်ရခဲ့ပါတယ်။ Landis ဟာ နွားကြောင့် ဦးခေါင်းကို ထိမှန်ခဲ့ေပမယ့်လည်း သားဖြစ်သူကို ပြင်းထန်တဲ့ အန္တရာယ်မှ ကယ်တင်နိုင်လိုက်ပါတယ်။ ဒီဗီဒီယိုဖိုင်ကို Cody Hooks မှ အွန်လိုင်းတွင် မျှဝေခဲ့ပြီး ခက်ခဲတဲ့ အခြေအနေမှ ကယ်တင်ခဲ့တဲ့ သူ့ရဲ့ဖခင်နှင့် အခြား နွားေကျာင်းသမားများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။


ဆိုရှယ်မီဒီယာအသုံးပြုသူများဟာ Landis Hooks အတွက် တစ်စက္ကန့်ေတာင်မစဉ်းစားဘဲ ခုန်ဆင်းသွားတဲ့အတွက် ချီးမွမ်းခြင်းအပြည့်ဖြင့် ချီးကျူးခဲ့ကြပါတယ်။ "အဖေက သူ့သားအတွက် သူ့အသက်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်" မှတ်ချက်ပေးသူတစ်ဦးက မှတ်ချက်ပြုသည်။ "မင်းအဖေက Legend ပဲ " လို့ နောက်တစ်ဉီးကရေးသားခဲ့ပါတယ်။ Twitter မှာ သူ့ကို "တစ်နှစ်တာအကောင်းဆုံးအဖေ" အဖြစ် ချီးကျူးခံခဲ့ရပါတယ်။
သတင်း အရင်းအမြစ်៖ NDTV