မမ Son Ye Jin နဲ့ မောင်လေး ကိုစိုးမိုးနိုင်တို့ ရိုထားတဲ့ကားလေးကို ဘောလိဝုဒ်က ပြန်ရိုက်မယ်လို့ကြေညာ

//s9.kh1.co/14/14eb9b2d982552b3b374d99f75982c75c1beeb03.jpeg
နေ့စဉ်သတင်းများ

 ၂၃-ဖေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

မမနဲ့ မောင်လေး အချစ်ဇာတ်လမ်းလေးတွေ ကြိုက်တဲ့ ပရိသတ်တွေဆို မှတ်မိကြမှာပါ။ ၂၀၁၈ တုန်းက ထွက်ခဲ့တဲ့ Something in the rain ဆိုတဲ့ ဇာတ်ကားလေးမှာ ပါဝင်ခဲ့တာက Son Ye Jin နဲ့ ကိုစိုးမိုးနိုင်လို့ သိကြတဲ့ ဂျောင်ဟယ်အင်းတို့ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e5/e5f73f4cb96310db49db2b9eabb4042a69cf0dc1.jpg

ဒီဇာတ်ကားလေးမှာ ချစ်စရာကောင်းတဲ့ မောင်လေး ဟယ်အင်းရဲ့ အစ်မနဲ့ Son Ye Jin တို့ဟာ အချစ်ဆုံး သူငယ်ချင်းတွေပါ။ ငယ်ငယ်တည်းက ရင်းနှီးလာကြပြီး ကြီးလာတော့ သူငယ်ချင်းရဲ့ မောင်လေးနဲ့ ချစ်သွားတဲ့ မမရဲ့ ဇာတ်လမ်းလေးဖြစ်ပြီး တကယ်ကြည်နူးစရာ အရိုကားလေးပါ။

https://s9.kh1.co/__image/w=650,h=366,q=100/32/32f6b97304ab782012670996107ca353d7fb7af5.png

ဒီဇာတ်ကားလေးကို ရိုက်ကူးတဲ့ JTBC ရုပ်သံကုမ္ပဏီက မကြာသေးခင်က သတင်းတစ်ခု ကြေညာခဲ့ပါတယ်။ အဲဒါကတော့ Something in the rain ဆိုတဲ့ ဒီဒရာမာလေးကို အိန္ဒိယရဲ့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Pocket Aces က ပြန်ရိုက်တော့မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=368,q=100/bc/bcbccf879237c3a6f8b7bf6a851de31bc23957ee.jpg

JTBC ဒါရိုက်တာက ဒီလိုရိုက်ကူးခွင့်ပြုတာဟာ အိန္ဒိယမှာ ကိုရီးယားအနုပညာတွေ ပိုပေါက်အောင် စျေးကွက်ချဲ့ထွင်တာဖြစ်တယ်လို့လည်း ပြောပါတယ်။ အရင်ကလည်း ကိုရီးယား ဇာတ်ကား ၂ ကားဖြစ်တဲ့ Ode to my father နဲ့ The man from nowhere ကို ဘောလိဝုဒ်က ပြန်ရိုက်ဖူးတယ်လို့ သိရပါတယ်။ မြန်မာပရိသတ်တွေကတော့ ဘယ်လိုပုံစံလေး ထွက်လာမလဲဆိုတာ စိတ်ဝင်စားနေကြပါပြီ။

Ref : https://www.soompi.com/article/1514128wpp/pretty-noona-who-buys-me-food-starring-son-ye-jin-and-jung-hae-in-to-be-remade-into-an-indian-drama

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T