မြန်မာနိုင်ငံရဲ့ နာမည်ကျော် ရဲတံခွန် သဘာဝ ဓာတ်ငွေ့စီမံကိန်း မှာ ပါဝင်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံအခြေစိုက် Petronas နဲ့ ဂျပန်နိုင်ငံ အခြေစိုက် Mitsubishi ကုမ္ပဏီတို့ဟာ ထိုစီမံကိန်းမှ နုတ်ထွက်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။


လွန်ခဲ့တဲ့လတွေတုန်းကလည်း အမေရိကန် နိုင်ငံအခြေစိုက် Chevron နဲ့ ပြင်သစ်နိုင်ငံအခြေစိုက် TOTAL စွမ်းအင် ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ပြန်လည် ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အတိအလင်းကြေငြာခဲ့ပါတယ်။

မလေးရှား Petronas နဲ့ ဂျပန် Mitsubishi တို့ကလည်း မြန်မာကနေ နုတ်ထွက်တော့မယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အခြေစိုက် Mitsubishi ကုမ္ပဏီက (၂၀၁၃)မှ စတင်ကာ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး ယခုအခါ နည်းပညာနဲ့ လက်ရှိစီးပွားရေးအခြေအနေများကြောင့် ၎င်းရဲ့ရှယ်ယာများကိုရောင်းချတော့မယ်လို့ကြောငြာလာတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံ အခြေစိုက် Petronas ကတော့ လွန်ခဲ့တဲ့နှစ် (၂၀၂၁)ခုနှစ် ၊ ဇူလိုင်လတည်းက လုပ်ငန်းရှယ်ယာများကိုရောင်းချနိုင်ရေး သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်ကာ အခုအချိန်မှာအပြီးသတ်ရောင်းချနေတာဖြစ်ပါတယ်။

