မလေးရှားနိုင်ငံရှိ မြစ်ထဲမှာ ခေါင်း နဲ့ လက် မရှိတော့တဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ အလောင်းအားတွေ့ရှိခဲ့

//s9.kh1.co/25/25e61f447a24f6dec837bb3bc50928d33bdcb3a4.jpg
နေ့စဉ်သတင်းများ

 ၁၃-ဖေ-၂၀၂၂ ၉pm · လွန်ခဲ့သော ၄ နှစ် က

အသက် (၃၅) နှစ်ရှိပြီဖြစ်တဲ့ ကွယ်လွန်သွားသူ မြန်မာနိုင်ငံသား...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လွန်ခဲ့တဲ့ တစ်ပတ်ခန့် ဖေဖော်ဝါရီ(၇)ရက်နေ့က မလေးရှားနိုင်ငံ၊ဆီရီအမန် မြို့ရှိ မြစ်တစ်မြစ်ထဲမှာ ဦးခေါင်းနှင့် လက်များ ပျောက်ဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ကြောင်းသိရပြီး ထိုအမျိုးသားမှာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မြစ်ထဲကို ပြုတ်ကျခဲ့တဲ့ အသက် (၃၅) နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဦးသိန်းဝေမောင်အား နံနက် (၇) နာရီ (၃၀)မိနစ်တွင် ရွာသားများမှ တွေ့ရှိခဲ့ကြောင်း ဆာရာဝတ် မီးသတ် နဲ့ ကယ်ဆယ်ရေး ဝန်ဆောင်မှုဌာနမှ ဖေဖော်ဝါရီ (၉) ရက်နေ့ တွင် သတင်းထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါ သေဆုံးမှု ဟာ မိကျောင်းတိုက်ခိုက်ခြင်းခံထားရတယ်လို့ သက်ဆိုင်ရာဌာနများက ယုံကြည်ထားကြတာဖြစ်ပြီး အလောင်းအား လင်ဂါ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးစီးမှူးရဲ့ ပြောကြားချက်အရ သေဆုံးသူဟာ မြစ်ထဲသို့ ပြုတ်ကျချိန်မှာ ရေယာဉ်ပေါ်တွင် လုပ်ဖော်ကိုင်ဖက်အားလုံးကအလုပ်ရှုပ်နေခဲ့တာဖြစ်ပြီး သူ့ကို ကယ်တင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T