ဗုဒ္ဓဇာတ်လမ်းမှာ ဗုဒ္ဓအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အဓိကသရုပ်ဆောင် ဘောလိဝုဒ်မင်းသား Gagan Malik ဟာဆိုရင် ဘန်ကောက်မြို့က ဘုရားကျောင်းတစ်ခုမှာ ကြာသပတေးနေ့က သာသနာ့ဘောင်သို့ဝင်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

သာသနာ့ဘောင်သို့ ဝင်ရောက်မည့် အချိန်က ၁၅ ရက်ကြာမှာဖြစ်တယ်လို့ သိရပြီး ဘဝအတွက် အရေးကြီးဆုံး အချိန်ဖြစ်တဲ့အကြောင်းကိုလည်း Gagan Malik က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆိုထားပါတယ်။




Gagan Malik သာသနာ့ဘောင်သို့ ဝင်ခဲ့သည့် ဘုရားကျောင်းက ဘန်ကောက်မြို့က Wat Thatthong ဖြစ်ပါတယ်။ အခုလို ၁၅ ရက်ကြာ သာသနာ့ဘောင်သို့ ဝင်ရတဲ့ ရည်ရွယ်ချက်က အိန္ဒိယနိုင်ငံရဲ့ ကိုးကွယ်ယုံကြည်မှုဘာသာကို လူသိများစေရန်နဲ့ ဓမ္မသဘောကို အသေးစိတ် လေ့လာချင်တဲ့အတွက်ဖြစ်တယ်လို့ သိရပါတယ်။



Gagan Malik ဟာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး မင်းသားမင်းသမီးတွေထဲကတစ်ဦးဖြစ်ပါတယ်။ ထိုင်းနိုင်ငံအပါအဝင် အာရှနိုင်ငံ အများအပြားက ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း တစ်ခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။
