အဆုံးမစီရင်ခင်မှာရေးခဲ့တဲ့ စိတ်မကောင်းဖွယ်ရာ စာလေးကြောင့်အင်တာနက်အသုံးပြုသူတွေရဲ့ရင်ကို ကိုင်လှုပ်ပစ်လိုက်တဲ့ တောင်ကိုရီးယားဘောလီဘောကစားသမား Kim In-hyuk

//s9.kh1.co/9f/9f18dc6c7024dc3c5fd54c2b9ba5d99d2fc0fae6.jpg
အားကစားသတင်းများ

 ၁၀-ဖေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

အဆုံးမစီရင်ခင်မှာရေးခဲ့တဲ့ စိတ်မကောင်းဖွယ်ရာ စာလေးကြောင့်အင်တာနက်အသုံးပြုသူတွေရဲ့ရင်ကို ကိုင်လှုပ်ပစ်လိုက်တဲ့ တောင်ကိုရီးယားဘောလီဘောကစားသမား Kim In-hyuk

တောင်ကိုရီးယားဘောလီဘောကစားသမား Kim In-hyuk ဟာဆိုရင် အင်တာနက်ပေါ်က ဆိုးရွားလွန်းလှတဲ့ ဝေဖန်ချက်တွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့သူဖြစ်ပါတယ်။ တောင်ကိုရီးယား ဘောလီဘောကစားသမား Kim In-hyuk ဟာဆိုရင် သူ့ရဲ့နေအိမ်မှာပဲ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အဆုံးစီရင်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။

Kbizoom
Kbizoom

Kim In-hyuk ဟာ အသက် ၂၇ နှစ်အရွယ်သာရှိသေးပြီး ဒဏ်ရာရရှိထားတာကြောင့် ဒီတစ်ခေါက်ရာသီပွဲစဉ်တွေမှာ ကစားပွဲ နှစ်ခုသာကစားနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး ကမ္ဘာကြီးကို နှုတ်ဆက်ထွက်ခွာခဲ့ဖို့လောက်အထိ ဆုံးဖြတ်ခဲ့ရတယ်ဆိုတာကိုတော့ ဘယ်သူမှမယုံကြည်နိုင်ဖြစ်နေပါတယ်။ Kim In-hyuk ရဲ့ သူငယ်ချင်းဖြစ်သူရဲ့အဆိုအရတော့ Kim In-hyuk ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်က အလွန်အမင်းဆိုးရွားလွန်းတဲ့ မှတ်ချက်တွေကြောင့် စိတ်ကျရောဂါ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

Kbizoom
Kbizoom

၂၀၂၁ ခုနှစ် သြဂုတ်လတုန်းကလည်း အဆုံးစီရင်သွားခဲ့တဲ့ Kim In-hyuk က ဒီအကြောင်းအရာလေးကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ အခုလိုလေး ရေးသားခဲ့ပါတယ်။

Kbizoom
Kbizoom

“လွန်ခဲ့တဲ့ ၁၀ နှစ်တာလုံးလုံး လူတွေ ငါ့ကိုနားလည်မှုလွဲခဲ့တယ် .. ငါကတော့ ငါ့ကို မုန်းတဲ့သူတွေအားလုံးကို ဥပေက္ခာပြုထားလိုက်ရင်အကောင်းဆုံးလို့ ထင်ခဲ့မိတာ။ ဒါပေမယ့် အခုတော့ ငါ တော်တော်ပင်ပန်းနေပါပြီ။ မင်းတို့ မင်းတို့ အားလုံး ငါ့အကြောင်းကိုဘယ်တော့မှ သိအောင်မကြိုးစားကြဘူး ။ ငါ့အကြောင်းကို မင်းတို့ ဘာမှမသိကြဘူး။ မကောင်းတဲ့ မှတ်ချက်တွေပဲ အဆက်မပျက်ပေးနေပြီး အနိုင်ကျင့်နေကြတယ်။ တော်ကြပါတော့ .. ငါတော်တော်ပင်ပန်းနေပါပြီကွာ ..နားထောင် ငါပြောတယ် .. ငါမိတ်ကပ်မလိမ်းဘူး။ ဘယ်တော့မှလည်း လိမ်းမှာမဟုတ်ဘူး။ ယောကျာ်းချင်းကြိုက်နေတယ်ဆိုတာလည်း မဟုတ်ပါဘူးကွာ။ ငါ့မှာကောင်မလေးရှိတယ်။ ငါကငါ့ဘဝကိုဘယ်တော့မှ ကလေးကလား ရုပ်ရှင်တွေလိုလုပ်မှာမဟုတ်ဘူး။ ငါ့မျက်လုံးတွေကလည်း မျက်တောင်ကော့ဆေး သုံးထားတာမဟုတ်ဘူး။ တိုနာနဲ့ လိုးရှင်းလေးပဲ လိမ်းတာပါကွာ… ”

Kbizoom
Kbizoom

Kim In-hyuk ဘယ်လိုပဲရှင်းပြရှင်းပြ လူတွေရဲ့ မုန်းတီးရေး မှတ်ချက်တွေကတော့ ပျောက်ကွယ်မသွားခဲ့ပါဘူး။ တောင်ကိုရီးယား ဘောလီဘော ကစားသမား Kim In-hyuk ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၁၀ နှစ်တာ ကာလလုံး အဆက်မပျက်ရေးနေကြတဲ့ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တဲ့ မှတ်ချက်တွေကြောင့်စိတ်ဒဏ်ရာ ရခဲ့ရတဲ့သူဖြစ်ပါတယ်။

Kbizoom
Kbizoom

အဆုံးမသတ်နိုင်တဲ့ စိတ်ဒဏ်ရာတွေကြားမှာ Kim In-hyuk တစ်ယောက် တဖြည်းဖြည်း အခြေအနေ ဆိုးရွားလာပြီး အခုလိုမျိုး သေကြောင်းကြံစည်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတာပါ ။ Kim In-hyuk တစ်ယောက် နောက်ဘဝတွေမှာ ဝေဖန်ခြင်းကင်းတဲ့ ဘဝမျိုးမှာ ပြန်လည်ဝင်စားပြီး ပျော်ရွှင်ရတဲ့ ကောင်လေးတစ်ယောက် ဖြစ်လာဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T