ရှမ်းနဲ့ ကရင်မှာ ထိုင်းဝက်အူချောင်းစားမိတဲ့ ကလေးတွေ ဆေးရုံတက်ရတဲ့သတင်းထွက်ပြီး အစိုးရမှ မစားရန် တားမြစ်ချက် ထုတ်ပြန်

//s9.kh1.co/80/80515dbaba5baba09e67f4362cffc56658eade60.png
နေ့စဉ်သတင်းများ

 ၀၉-ဖေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဇန်နဝါရီ ၃၀ ရက်နေ့တည်းက ရန်ကုန်က ကလေးအထူးကုဆရာဝန်တစ်ဦးက ကိုရီးယားထုတ် ဝက်အူချောင်းစားမိတဲ့ ကလေးအချို့ နေမကောင်းဖြစ်ပြီး ဆေးရုံရောက်တဲ့အကြောင်း Facebook မှာ တက်လာခဲ့ပါတယ်။ ဒီရောဂါဟာ အဲဒီ ဝက်အူချောင်းတွေမှာ ကြာရှည်ခံအောင် ထည့်ထားတဲ့ နိုက်ထရိတ်ဆိုတဲ့ ဓာတ်ပစ္စည်းကြောင့် ကလေးရဲ့ သွေးထဲမှာ အောက်ဆီဂျင် လျော့နည်းစေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=300,h=221,q=100/9e/9e35f0e842d6348f51a12c57d2adc3c26958de55.png

အဲဒီကတည်းက ဒီရောဂါဟာ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဆိုးနိုင်တယ်လို့ သိခဲ့ရပါတယ်။ ဒါပေမဲ့ ဝေးလံတဲ့ နယ်ဘက်ဆီ ဒီသတင်းက ရောက်ခဲ့ပုံ မရပါဘူး။ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ရှမ်းနဲ့ ကရင်ဘက် အလားတူ ကလေးလူနာတွေ တွေ့ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=470,h=250,q=100/b7/b7d49c9d8e572494a2bcb472ed148ec6804d00e6.jpg

ဒီတစ်ခါမှာတော့ ကရင်ပြည်နယ်က အသက် ၂ နှစ်ကလေးလေး အသက်ပါဆုံးခဲ့ရပါတယ်။ သူတို့ပြောပုံအရ ဒီတစ်ခါ ကိုရီးယားမဟုတ်ဘဲ ယိုးဒယားဝက်အူချောင်းလို့ သိရပါတယ်။ ရောဂါဖြစ်စဥ်ကတော့ အပေါ်မှာ ဖြစ်ခဲ့သလို ကြာရှည်ခံအောင် ထည့်တဲ့ နိုက်ထရိတ်ရဲ့ လက်ချက်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=918,q=100/59/59714bbc633844982c5a20b39b9cf090357915c7.jpg

ဒီသတင်းကြားပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အဲဒီလို နယ်စပ်က တရားမဝင် ရောက်လာတဲ့ အသားချောင်းတွေ မစားဖို့ တားမြစ်ချက် ထုတ်ပြန်လိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/42/42f71e84b4e78a7c8043964c9a220cbb08e105d2.jpg

ကလေးငယ်လေးတွေရဲ့ ခန္ဓာကိုယ်ဟာ သိပ်နုနယ်တာမို့ အသင့်စားအစားအစာတွေ မကျွေးသင့်ပါဘူး။ အထူးသဖြင့် အစားအစာ အဆန်းတွေ၊ အသားချောင်းတွေ ခုတလော ရှောင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

Ref : Dr. AK Thein facebook, Food and Drug Association Myanmar

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T