လူတိုင်းလူတိုင်းဟာ ဆဲတတ်ကြပါတယ်။လူငယ်အရွယ်၊လူကြီးအရွယ် ဘယ်အရွယ်မှာမဆို စိတ်ခံစားမူတွေကြောင့်ဖြစ်ဖြစ်၊သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ် အားလုံးဆဲဖူးကြမှာပါ။ဆဲတဲ့နေရာမှာလည်း အဆဲစကားလုံးမျိုးစုံကိုသုံးကြပါတယ်။စကားလုံးတွေအလိုက်လည်း အရမ်းကြမ်းတဲ့ ဆဲနည်းတွေ၊သိပ်မပြင်းထန်တဲ့ အဆဲစကားလုံးတွေအများကြီးပါ။ဆဲနေရင်းနဲ့ တခါတလေဘာလို့ဒီစကားလုံးက အဆဲစကားလုံးဖြစ်ရတာလဲ၊ဘယ်ကဘယ်လိုစပေါ်လာတာလဲဆိုတာတွေကိုပါ တွေးမိကြမှာပါ။

တခြားစကားလုံးတွေလိုမဟုတ်ပဲ အဆဲစကားလုံးတွေရဲ့ မူရင်းဇစ်မြစ်က တော်တော်လေးကို ရှာရဖွေရခက်ပြီး သမိုင်းကြောင်းတွေလည်း နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရပါတယ်။အင်္ဂလိပ်ဘာသာစကားထဲက တချို့အဆဲစကားလုံးတွေအကြောင်းကို စာကြီးလေ့လာနေသလိုမဟုတ်ပဲ ပေါ့ပေါ့ပါးပါးပုံစံ၊ရယ်ရယ်မောမောနဲ့ကြည့်ချင်သူတွေအတွက် Netflix ကစီးရီးတစ်ခုစီစဥ်ပေးထားပါတယ်။အဆဲစကားလုံးတွေရဲ့သမိုင်းကြောင်းကို ရှင်းပြထားတဲ့ စီးရီးပါ။

စီးရီးနာမည်ကတော့ History of Swear Words ဖြစ်ပါတယ်။မင်းသားကြီး နီကိုးလက်ကေ့ချ်က အစီအစဥ်တစ်ခုလုံးကို ပြောပြနေသလိုသရုပ်ဆောင်ထားတဲ့ Documentary စီးရီးပါ။Documentary ဖြစ်တာကြောင့်လည်း ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ မြင်ရမှာမဟုတ်ပဲ Season တစ်ခုလုံး အဆဲစကားလုံးအကြောင်းတွေကိုသာ ရှင်းပြသွားမှာပါ။စီးရီးထဲမှာ သူအပြင် တခြားနာမည်ကြီးတွေနဲ့အတူ ဘာသာစကားပိုင်းဆိုင်ရာကျွမ်းကျင်သူတွေပါ ပါဝင်ပါတယ်။လောလောဆယ် Season တစ်ခုထွက်ထားပြီး အပိုင်း ၆ ပိုင်းပါဝင်ကာ တစ်ပိုင်းစီမှာ အဆဲစကားလုံးတစ်ခုအကြောင်းကိုရှင်းပြထားတာကြောင့် အဆဲစကားလုံး ၆ လုံးပါဝင်ထားပြီး အင်္ဂလိပ်စကားလုံးတွေဆိုပေမဲ့ တစ်ကမ္ဘာလုံးမှာလူသုံးများတဲ့အပြင် မြန်မာနိုင်ငံမှာလည်း လူငယ်တိုင်းနီးပါး အသုံးပြုနေကြတဲ့ အဆဲစကားလုံးတွေဖြစ်ပါတယ်။

တစ်လုံးချင်းစီအကြောင်းကို မပျင်းရအောင် ဟာသတွေအများကြီးနဲ့ တင်ဆက်ပေးထားတာကြောင့် ဟာသစီးရီးတစ်ခုလို့တောင်ပြောနိုင်ပါတယ်။တောက်လျှောက်စကားတွေပဲပြောသွားမှာမဟုတ်ပဲ သမိုင်းကြောင်းနဲ့လိုက်ဖက်တဲ့ Animation အတိုလေးတွေ၊ဇာတ်လမ်းတွေအပြင် အဆဲစကားလုံးတွေနဲ့ စိတ်ပညာစပ်ဆက်ပုံတွေကိုပါ စမ်းသပ်ချက်တွေနဲ့ စိတ်ဝင်တစား ကြည့်ရှူရဦးမှာပါ။
ဒီဇာတ်ကားဟာ Netflix ပေါ်မှာ တော်တော်လေးနာမည်ကြီးအောင်မြင်ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာတော့ လူသိနည်းနေပါသေးတယ်။ကိုယ်ကဘာသာစကားလေ့လာသူပဲဖြစ်ဖြစ်၊ဒီတိုင်းအပျော်ကြည့်ချင်တာပဲဖြစ်ဖြစ်၊Dcoumentary စီးရီးတွေကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊စိတ်ကိုအပန်းပြေစေမဲ့ ဟာသစီးရီးတစ်ခုကိုရှာနေတဲ့သူဖြစ်နေရင်တောင် ဒီစီးရီးကိုကြည့်ရှူသင့်ပါတယ်။Review ကောင်းတွေရော၊ဝေဖန်ခံရမူတွေရော အများအပြားရရှိထားတဲ့ ဒီဇာတ်လမ်းတွဲဟာ နောက်ထပ်လူသုံးများတဲ့ အဆဲစကားလုံးတွေအကြောင်းကိုပဲ Season ၂ ခုလောက်ထပ်ထွက်ဖို့ရှိသေးတယ်လို့ သိရပါတယ်။