လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းရဲ့ YBS 97 ယာဉ်လိုင်းနံပါတ်ဖြင့် ပြေးဆွဲလျက်ရှိတဲ့ ယာဥ်လိုင်းများကို နံပါတ်ပြောင်းလဲ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

ယခင် "စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) - ရန်ကုန်ဘူတာကြီး"သို့ပြေးဆွဲနေတဲ့ ခရီးစဉ်အား Yangon Region Transport Committee (YRTC) ရဲ့ လမ်းညွှန်မှုအရ လာမယ့် (၂၀၂၂)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက် (ပြည်ထောင်စုနေ့) မှ စတင်ကာ လက်ရှိနံပါတ် YBS 97 အစား YBS 118 အဖြစ် ပြောင်းလဲပြေးဆွဲသွားမယ်လို့ကြေငြာလာပါတယ်။

ထိုသို့ ပြောင်းလဲခြင်းဟာ ယာဉ်လိုင်းနံပါတ်သာ ပြောင်းလဲခြင်းဖြစ်ပြီး မူရင်းခရီးစဉ်လမ်းကြောင်း ပြောင်းလဲမှုမရှိဘူး လို့လည်း ဆိုပါတယ်။






