သေသပ်လှပတဲ့ ခြေစွမ်း ၊ ကန်ချက်ပြင်းပြင်း တွေနဲ့ ဘောလုံးအားကစားဝါသနာရှင်အများစုရဲ့ ချစ်ခင်အားပေးမှုကို သိမ်းပိုက်ထားသူကတော့ဘောလုံးကစားသမား နေမာ ပဲဖြစ်ပါတယ်။


ဘရာဇီးအသင်းတိုက်စစ်မှူးလည်းဖြစ်တဲ့ နေမာ ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက စိန့်အီတီယန်နီကွင်းမှာ ကန်တဲ့ပွဲစဥ်အတွင်း ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် (၆)ပတ်ကနေ (၈)ပတ်အထိ အနားယူရမယ်လို့ PSG အသင်းရဲ့ဆရာဝန်တွေကပြောကြားခဲ့တာဖြစ်ပါတယ်။


ထို ဘယ်ဖက်ခြေချင်းဝတ် ဒဏ်ရာကြောင့် နှစ်လကြာ အနားယူခဲ့ရပြီးနောက်မှာတော့ နေမာ တစ်ယောက် အပြေးလေ့ကျင့်ပြီးလေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီ ဖြစ်ကြောင်း ပီအက်စ်ဂျီ အသင်း က အတည်ပြုကြေငြာလာခဲ့ပါတယ်။ နေမာတစ်ယောက် ဘယ်လိုအမိုက်စားခြေစွမ်းတွေနဲ့ ပြန်လာမလဲဆိုတာကတော့အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့အချက်ပါပဲ။


