တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု ၄ ရက်ဆက်တိုက် မြင့်တက်လာခဲ့လို့ ဆေးရုံတိုးချဲ့ဖို့ပါ စီစဥ်နေရ

//s9.kh1.co/8a/8a5a541f34437f580dec9a9639b6e0ef76c554a1.jpg
နေ့စဉ်သတင်းများ

 ២៨-មករា-២០២២ ៥ល្ងាច · ៥ ឆ្នាំមុន

.

တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေဟာ လေးရက်ဆက်တိုက် အမြင့်ဆုံး မြင့်တက်လာတာကြောင့် လူထောင်နဲ့ချီကုသလို့ရမယ့် Center တွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဥ် ထားကြောင်း ကျန်းမာရေးဌာနက ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။ တနင်္လာနေ့က ရောဂါ ကူးစက်ခံရသူ စာရင်းများမှာ လူပေါင်း ၁၆၀၉၆ ရှိပြီး နောက်ရက်တွေမှာတော့ အဆိုပါ ကူးစက်ခံရမှုထက် နှစ်ဆမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - CNA
Photo Credit - CNA

ဒါ့အပြင် ကူးစက်မြန် အိုမီခရွန် ဖြစ်ပွားမှုကလည်း ဒေသအတွင်း ၅ ပတ်ကနေ ၈ ပတ်အထိ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် နေ့စဥ် ရောဂါကူးစက်ခံရသူမှာ ၁ သိန်းကျော်အထိ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။ ကိုဗစ်ရောဂါ ကုသမှုအတွက် ဖေဖော်ဝါရီလ အစောပိုင်းမှာတော့ ဆေးရုံငယ် ၁၀၀၀ ခန့် နှင့် ဆေးခန်းများကို ကြိုတင်ထားရှိဖို့အတွက် အစိုးရက ကျန်းမာရေးဌာနနဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - CNA
Photo Credit - CNA

လက်ရှိမှာတော့ ကျန်းမာရေးအဖွဲ့တွေက လူပေါင်း ၈ သောင်းကျော်ကို အိမ်တွင်းကုသမှုတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းနိုင်သေးပေမယ့် အစိုးရက လူပေါင်း ၁ သိန်းကျော်လောက် ကုသမှုပေးနိုင်ရေးအတွက် ညွှန်းကြားထားတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လူပေါင်း ၅၁ သန်းကျော် ရှိသည့်အနက် ၈၅ ရာခိုင်နှုန်းလောက်ဟာ ကိုဗစ်ကာကွယ်ဆေးအပြည့် ထိုးပြီးသွားပြီလို့လည်း သိရပါတယ်။

Photo Credit - CNA
Photo Credit - CNA

သတင်း အရင်းအမြစ်៖ Source - CNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T